သတင်းများ

တောင်တွင်းကြီးမြို့ ဒက္ခိဏစျေး(ဥပုတ်စျေး)အတွင်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းနှင့်၊ ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Aug 13,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး၊ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်၊ ကြွတ်ကြွတ်အိတ် အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း (Campaign) နှင့် ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေးအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၈)နာရီက ဒက္ခိဏစျေး(ဥပုတ်စျေး)အတွင်း စျေးသည်များကို ဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့သည်။
မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ယခုနှစ်မိုးစပါး (၆၄၁၁၂) ဧက စိုက်ပျိုးရန်လျာထား
Aug 13,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄/၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန် (၆၄၁၁၂)ဧကလျှာထားခဲ့ပြီး ယနေ့အထိ ဧက(၃ဝဝဝဝ)ကျော် စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးက သိရသည်။
တပ်ကုန်းမြို့နယ်၌ စားသုံးဆီအား သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေး
Aug 13,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဝင် ဦးအောင်သူဖြိုး (ရွှေကလပ်ကုန်စုံဆိုင်)မှ စားသုံးဆီလိုအပ်သည့် ပြည်သူများကို ယမန်နေ့နံနက်ပိုင်းက သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်ချပေးခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ် ငလိုက်စခန်းသာဆင်စခန်း၌ ကမ္ဘာ့ဆင်များနေ့အခမ်းအနား ဆင်စာ ဘူဖေးကျွေးခြင်း၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအား ဆင်အကြောင်းသိကောင်းစရာများ ရှင်းလင်းပြသ
Aug 13,2024
၂၀၂၄ ခုနှစ် ဩဂုတ် ၁၂ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ဆင်များနေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကို နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ် ငလိုက်စခန်းသာဆင်စခန်း၌ ဆင်စာဘူဖေးကျွေးမွေးခြင်းနှင့် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ဆရာ/ဆရာများ၊ စတုတ္ထနှစ်ကျောင်းသား/ကျောင်းသူများအား ငလိုက်စခန်းသာဆင်စခန်းသို့ ဖိတ်ကြား၍ ဆင်နှင့်ပတ်သက်သော ဆင်အကြောင်းအရာများအား အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 13,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
ခမောက်ကြီးမြို့တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 13,2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့သောင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်‌ပေးလျက်ရှိသည်။
ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီအမျိုးသားအလွတ်တန်း‌‌ ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်‌ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Aug 13,2024
ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီအမျိုးသားအလွတ်တန်း‌‌ ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်‌ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကော့သောင်းခရိုင်၊အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ဘုရင့်နောင်အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် (၁၀)နာရီခန့်က ပြုလုပ်ခဲ့ရာ ကော့သောင်းခရိုင်‌ ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
စမ်းချောင်းမြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် ယာယီနေရပ်စွန့်ခွာလာသူများ စာရင်းကောက်ယူရေးလုပ်ငန်းဆောင်ရွက်
Aug 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ အကြောင်းအမျိုးမျိုးကြောင့် ယာယီနေရပ်စွန့်ခွာလာသူများ စာရင်းကောက်ယူရေးလုပ်ငန်းကို ယမန်နေ့နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။