ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်၌ တစ်လစာလျှပ်စစ်မီးထွန်းပူဇော်ရန် စင်္ကာပူနိုင်ငံမှ အလှူရှင်မိသားစုက အလှူငွေကျပ် ၂၁ သိန်း လာရောက်လှူဒါန်း

ပြည် ဩဂုတ် ၁၅

ပြည်မြို့လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တစ်ခုလုံး၌ တစ်လစာ လျှပ်စစ်မီးထွန်း ပူဇော်ရန်အတွက် စင်္ကာပူနိုင်ငံမှ အလှူရှင် Zi Ning Yang နှင့် Zi Xuan Yang မိသားစုတို့က လျှပ်စစ်မီးအလှူ‌တော်ငွေ (နှစ်ဆယ့်တစ်သိန်း) ကျပ်တိတိကို ဩဂုတ် ၁၃ ရက်နေ့နံနက်ပိုင်းက ရွှေဆံတော်ဂေါပကအဖွဲ့ရုံးသို့ သဒ္ဓါတရားထက်သန်စွာ လာရောက်လှူဒါန်းကြောင်း သိရသည်။

အဆိုပါလျှပ်စစ်မီး တစ်လစာလှူဒါန်းပေးမှုအတွက် ရွှေဆံတော်ဂေါပကအဖွဲ့တာဝန်ရှိသူများက အလှူရှင်မိသားစုအား ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်‌ပေးအပ်ပြီး ရွှေဆံတော်စေတီတော်မြတ်ကြီးနှင့် ဆယ်ထပ်ကြီးဘုရားပုံတော်ပါ ရှုခင်းဓာတ်ပုံကိုလည်း အလှူရှင်မိသားစုကြည်ညိုပူဇော်နိုင်ရန်အတွက် ပြန်လည်ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း ပြည်ရွှေဆံတော်ဂေါပကအဖွဲ့ထံမှ သိရသည်။

ကိုဆက် (ပြန်/ဆက်)