သတင်းများ

တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Aug 12,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ ယနေ့နေ့လယ် (၁) နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ ဇေရတု (မြန်မာပြန်) ရေးသားသည့် “ချစ်ခြင်း‌မေတ္တာနှင့်‌ခေါင်းဆောင်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း “လူသုံးကုန်၊ အလှကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်
Aug 12,2024
ကချင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ရပ်ကွက်၊ ကျေးရွာနေပြည်သူများအတွက် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများအတွက် လူသုံးကုန်၊ အလှကုန်ထုတ်လုပ်မှုနည်း ပညာသင်တန်းနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ ဦးစီးဌာနရုံး လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ကျင်းပပြုလုပ်သည်။
တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  လူကုန်ကူးမှုဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်ပြသဆောင်ရွက်
Aug 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  (Community  Centre)  ခန်းမ၌ ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ လူကုန်ကူးမှုဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်ကို  ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြသဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 12,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မုန်းသီတာခန်းမ၌ ကျင်းပသည်။
မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ
Aug 12,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်ခန့်က စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် တောင်ကြီးမြို့ရှိ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား တက်ရောက်
Aug 12,2024
၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ဆောင်ပုဒ်ဖြစ်သည့် “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လူငယ်များရဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဖြင့် ဖော်ဆောင်ပေး” ဆောင်ပုဒ်နှင့်အညီ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊   မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Aug 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီအချိန်က သုနန္ဒာလမ်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထားဝယ်မြို့၌“စံပြနို့တိုက်မိခင်ပြိုင်ပွဲ”ကျင်းပ
Aug 12,2024
၂၀၂၄ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် “စံပြနို့တိုက်မိခင်ပြိုင်ပွဲ”ကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ခရိုင်ပြည်သူကျန်းမာရေးဦးစီးဌာနရုံး၌ ကျင်းပသည်။