အမရပူရမြို့နယ်တွင် ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေး‌ဟောပြောပွဲကျင်းပ

အမရပူရ ဩဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေလုပ်ငန်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်၉နာရီက အမရပူရမြို့နယ်ရှိ တောတွင်ကျေးရွာအုပ်စု၊ စာကလေးအင်းကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်၌ ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေး‌‌ဟောပြောပွဲတွင် သန်းခေါင်စာရင်းဆိုင်ရာရည်ရွယ်ချက်၊‌ ကောက်ယူမည့်နည်းလမ်း၊ ကောက်ယူမည့်အိမ်ထောင်စုမေးခွန်းပုံစံနှင့်အဖွဲ့အစည်းမေးခွန်းများအား ပြည်သူများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်းက အကျယ်တဝင့်အသိပညာပေးဟောပြောခဲ့သည်။ တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ မြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်းက ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေးပိုစတာနှင့်လက်ကမ်းစာစောင်များကို  တက်ရောက်လာကြသည့် ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)