သတင်းများ

ကော့သောင်းမြို့နယ် အော်ကြီးကျေးရွာအုပ်စု၊ ဟတ်စဒင်းကျေးရွာတွင် လက်တူးတွင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေး
Aug 23,2024
၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့နယ် အော်ကြီးကျေးရွာအုပ်စု၊ ဟတ်စဒင်းကျေးရွာတွင် လက်တူးတွင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဘန်းကချွန်ကျေးရွာအုပ်စု၊ (၁၅)မိုင်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် အိမ်သွယ်ရေတိုင်သွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူး ဒေါ်စန္ဒာဝင်း၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဇော်လတ်နှင့် အင်ဂျင်နီယာဝန်ထမ်းများ ကြည့်ရှုစစ်ဆေးခဲ့သည်။
ထားဝယ်တက္ကသိုလ်၌ ဥပဒေအသိပညာပေး ဟောပြောပွဲ ကျင်းပ
Aug 23,2024
တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့် ထားဝယ်တက္ကသိုလ်တို့ ပူးပေါင်း၍ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ကျင်းပသည်။
မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 23,2024
ရှမ်းပြည်နယ်( တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁) နာရီတွင် မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း စကားဝါဆောင်ခန်းမတွင် ကျင်းပခဲ့သည်။
မိုင်းခုတ်မြို့၌ ယမန်နေ့မွန်းလွဲပိုင်းမှစ၍ ရေကြီးရေလျှံမှုဖြစ်ပေါ်
Aug 23,2024
မိုင်းခုတ်မြို့၌ သြဂုတ်လ (၂၁) ရက်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းသဖြင့် နမ့်ခုတ်ချောင်းရေ မြင့်တက်လာခြင်း၊ တောင်ကျရေများ စီးဆင်းမှုကြောင့် ယမန်နေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးထားသည့်လယ်များအပါအဝင် ခမရ (၅၇၉) သို့သွားသည့်တံတားနှင့် အ.ထ.ကကျောင်းတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ညနေပိုင်းအချိန်တွင် ရေများပြန်လည်ကျဆင်းသွားပြီး ဖြစ်သည်။
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနား တက်ရောက်
Aug 23,2024
၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု နေပြည်တော်အဆင့်အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
မြဝတီမြို့၌ (၂၅) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု   အဆို၊ အက၊ အရေး ၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Aug 23,2024
၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊  အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကရင်ပြည်နယ်၊  မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်၊ City Home ခန်းမ၌ ကျင်းပခဲ့သည်။
တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 23,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် အဂတိလိုက်စားတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဦးဆောင်ပြီး ကျောင်းသား၊ ကျောင်းသူများအား အဂတိလိုက်စားမှုနှင့်ပတ်သက်၍ ကျယ်ပြန့်စွာသိရှိစေရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းဓမ္မာရုံတွင် ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်
Aug 23,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းရန်ပုံငွေဖြင့် ဒေးဒရဲကျေးရွာ၌ ဒေသခံပြည်သူများ ရာသီမရွေး သွားလာရေးအဆင်ပြေစေရန်အတွက် ကျေးရွာတွင်း မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။