သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ဆွမ်ပရာဘွမ်လမ်းမတစ်လျှောက် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Feb 02,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြို့သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ယမန်နေ့ နံနက် (၉)နာရီခွဲက သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသားလူငယ်များ စာဖတ်ဝိုင်းပြုလုပ်
Feb 02,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများနှင့် စာပေအသိပညာများ ပြန်လည်မျှဝေတတ်စေရန် အတွက် ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ရမည်းသင်းခရိုင် ပြန်/ဆက်ရုံး၊လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
ပေါင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Feb 02,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည်ပြည့်ဝစေရေးအတွက် လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၄)ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်က ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ၊ မဂဒူးခန်းမ၌ပြုလုပ်ခဲ့သည်။
နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပ
Feb 02,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
ပေါင်မြို့နယ်တွင် အသက် (၁) နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Feb 02,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက် (၁) နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် (၁၀) နာရီက သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာဆေးပေးခန်းများ၌ ဆောင်ရွက်ခဲ့ကြသည်။
လမ်းမတော်မြို့နယ်၊ အ.ထ.က (၁) ကျောင်း၌ ကလေးသူငယ်များအတွက် သဘာဝဘေး အန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) ကျင်းပ
Feb 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ အ.ထ.က(၁) ကျောင်း၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။
သာယာဝတီမြို့နယ်တွင် ဆောင်းရာသီ ဆီထွက်သီးနှံဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Feb 02,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာကို စားသုံးဆီပိုမိုထုတ်လုပ်နိုင်ရေးအတွက် လျားထားစိုက်ဧကထက် ပိုမိုစိုက်ပျိုးဆောင်ရွက်နိုင်ပြီး ဆောင်နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်(မြို့မ)စျေး၌ မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်
Feb 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ်(မြို့မ)ဈေးကြီး၌ ဆောင်ရွက်ခဲ့ကြသည်။