သတင်းများ

ငပုတောမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ပြေးခုန်ပစ်ပြိုင်ပွဲနှင့်အားကစားပြိုင်ပွဲများ  ကျင်းပ
Aug 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ဗလငါးတန် ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သော အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ငပုတောမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ပမ္မဝတီပြည်သူ့အားကစားဝန်းအတွင်းတွင် ယမန်နေ့ညနေပိုင်းက အားကစားပြိုင်ပွဲများကို ကျင်းပပေးခဲ့သည်။
အလုံမြို့နယ်၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်‌ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ မြို့နယ်အဆင့်အထိမ်းအမှတ် အခမ်းအနားကျင်းပ
Aug 23,2024
၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်‌ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ မြို့နယ်အဆင့်အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်အတွင်းရှိ မူလတန်းကြိုကျောင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 23,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း လူမှုဝန်ထမ်းဦးစီးဌာနမှ တည်ထောင်ခွင့်ပြုမိန့် ရရှိထားသော မူလတန်းကြိုကျောင်းများအား ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီ ဌာနမှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကဝမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုနှင့် ထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Aug 23,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် ထူးချွန်ဆုရကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉)နာရီက အ.ထ.က(ကဝ)ကျောင်း၊ ဆရာကျော့ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်မရောမြို့  နိတုံဒေသထွက် ကျောက်စိမ်းကျွဲကောသီးမျိုးများ အထွက်နှုန်းကောင်း၍ စျေးကောင်းရရှိ
Aug 23,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်  နိတုံရွာဒေသထွက် ကျွဲကောသီး ကျောက်စိမ်းမျိုးများ အထွက်နှုန်းကောင်းကာ စျေးကောင်းလည်းရသဖြင့် စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်၌ စာအုပ်စာစောင် ပြပွဲပြုလုပ်
Aug 23,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre) တွင် ယမန်နေ့ နေလယ် (၁) နာရီခွဲအချိန်က စာအုပ်စာစောင်ပြပွဲ ပြုလုပ်ခဲ့သည်။
ဒဂုံတက္ကသိုလ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ကကျင်းပခဲ့သည်။
အလုံမြို့နယ်၌ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်
Aug 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ အ-မ-က(၄) အလုံ၌ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။