သတင်းများ

မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်
Feb 02,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်း မီးဘေးအန္တရာယ်များ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ မိုင်းရှူးမြို့နယ်နှင့် မိုင်းစံမြို့ပေါ်ရပ်ကွက်များသို့ တစ်အိမ်တက်ဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်  ဈေးများတွင် ရောင်းဝယ်ဖောက်ကားနေမှုများအား လိုက်လံကြည့်ရှုအားပေး
Feb 02,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့နံနက် ၁၁ နာရီအချိန်က မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင် မဟာအောင်မြေကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းနှင့်ဈေးများသို့ သွားရောက်၍ အေးချမ်းစွာ ရောင်းဝယ်ဖောက်ကားနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ကျိုင်းတုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်း
Feb 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက မိုင်းဇင်းကျေးရွာအုပ်စု၊ ‌တော့အန်းတစ်ကျေးရွာတွင် ပြုလုပ်သည်။
တပ်ကုန်းမြို့၌ ရဟန်း၊သံဃာတော်များ အသည်းရောင် အသားဝါရောဂါ ဘီပိုးကာကွယ်ဆေးထိုးနှံပေး
Feb 02,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ ခရီးစဉ်ညွှန်ကြားချက်အရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ကျန်ရှိနေသည့် ရဟန်း၊ သံဃာတော်များအား အသည်းရောင်၊ အသားဝါရောဂါ ဘီပိုးကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ညောင်လွန့်ကျေးလက်ကျန်းမာရေးဌာနတွင် အခမဲ့ထိုးနှံပေးခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲတွင် ဖျော်ဖြေတင်ဆက်မည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့နှင့် MSME ထုတ်ကုန်အရောင်းပြခန်း၊ ရိုးရာအစားအစာ အရောင်းပြခန်းများ ဆောင်ရွက်ရန်သွားရောက်ကြမည့် လုပ်ငန်းကော်မတီဝင်များအား တွေ့ဆုံ
Feb 02,2024
နေပြည်တော်၌ ကျင်းပမည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲတွင် ဖျော်ဖြေတင်ဆက်မည့် ရခိုင်ပြည်နယ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့နှင့် MSME ထုတ်ကုန်အရောင်း ပြခန်း၊ ရိုးရာအစားအစာအရောင်းပြခန်းများ ဆောင်ရွက်ရန်သွားရောက်ကြမည့် လုပ်ငန်းကော်မတီဝင်များနှင့် တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ ၃ နာရီက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
တောင်တွင်းကြီးမြို့နယ် အ.ထ.က(၁)၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီ၊ အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Feb 02,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၁၀)နာရီက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲ၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုအဖြစ်  အသိပညာပေး နံရံကပ်စာစောင်ပြသ
Feb 02,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဥ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်ပြဘုတ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုအဖြစ်  အမျိုးသမီးများအပေါ် ရုပ်ပိုင်း၊ လိင်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်စေရေး အသိပညာပေးနံရံကပ်စာစောင် ပြသခဲ့ကြသည်။
နတ်မောက်မြို့နယ်၌ ဌာနဆိုင်ရာရုံးများ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်နည်း သရုပ်ပြသခြင်းများ ဆောင်ရွက်ပေး
Feb 02,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနက နတ်မောက်မြို့နယ်အတွင်း မီးဘေးလုံခြုံစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အလေးထား လိုက်နာဆောင်ရွက်ရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်နည်း သရုပ်ပြသခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။