သတင်းများ

မြို့သစ်မြို့နယ်တွင် အခြေခံစားကုန် “စားအုန်းဆီ”တစ်ပိသာလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေး
Feb 02,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မြို့ပေါ်ရှိ ဆီလုပ်ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအဖွဲ့မှ ပူးပေါင်း၍ အခြေခံစားကုန်စားအုန်းဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့သစ်မြို့မဈေးအပြင်ဘက်၊ စာတိုက်လမ်း၊ မီးသတ်ဦးစီးဌာနရုံးရှေ့တွင် ရောင်းချပေးခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Feb 02,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန်နှင့် မီးဘေးသတိရှိစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ ညနေပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ နွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေး မဲဇလီရေလွှဲဆည်မှ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် စိုက်ပျိုးရေဖြန့်ဝေပေးသွားမည်
Feb 02,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာတွင် ဒေသခံတောင်သူများ နွေသီးနှံအချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်မှ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် စိုက်ပျိုးရေ စတင်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေပေးဝေမည့်အခြေအနေနှင့် စိုက်ပျိုးရေ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေးအတွက် ဒေသခံတောင်သူများကို ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင်က ပြောပြ၍ သိရသည်။
ဝါးခယ်မမြို့နယ်ကျက်သရေဆောင် သကျမဟာသီရိဘုရားကြီး ရွှေထီးတော်တင်လှူရေးနှင့် ဘက်စုံပြုပြင်မွမ်းမံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် ကျက်သရေဆောင် သကျမဟာသီရိဘုရားကြီး ရွှေထီးတော်တင်လှူရေးနှင့် ဘက်စုံပြုပြင်မွမ်းမံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၈)နာရီအချိန်က ဘုရားကြီး၏ သံတန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် ဇီဝဆိုင်ရာအချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများ ၁၅၄၄၃ ဦး ဆောင်ရွက်ပြီးစီး
Feb 02,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးပွားမောင်နှင့် ဝန်ထမ်းများက ဇီဝဆိုင်ရာအချက်အလက် Biometric ကောက်ယူစိစစ်ခြင်းနှင့် Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို ရပ်ကွက်/ကျေးရွာများသို့ နေ့စဉ်ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက စည်သာကျေးရွာသို့ သွားရောက်၍ ဇီဝဆိုင်ရာအချက်အလက် ကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မော်လမြိုင်တက္ကသိုလ်၌ ကျင်းပသော ဥပဒေဆိုင်ရာသိကောင်းစရာဟောပြောပွဲတွင် မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ဟောပြောဆွေးနွေး
Feb 02,2024
မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ ကျင်းပပြုလုပ်သော ဥပဒေဆိုင်ရာ သိကောင်းစရာဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်တက္ကသိုလ် အခန်းအမှတ် (၁၅)၊ ပင်မဆောင်၌ ကျင်းပခဲ့ရာ ဟောပြောပွဲတွင် မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က မြန်မာနိုင်ငံ၏ ဥပဒေဖြစ်တည်မှု၊ ခေတ်အဆက်ဆက် မြန်မာနိုင်ငံ၏ တရားဥပဒေများ ကျင့်သုံးမှု၊ (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အထူးဥပဒေများ၊ ဒေသန္တရဥပဒေများ၊ ယေဘုယျဥပဒေများ၊ ဓလေ့ထုံးတမ်းဥပဒေများနှင့် ရာဇဝတ်မှုများဆိုင်ရာ ကိစ္စရပ်များနှင့် သက်ဆိုင်သော ရာဇသတ်ကြီး၊ တရားမမှုဆိုင်ရာ ကိစ္စရပ်များနှင့်သက်ဆိုင်သော တရားမမှုစွဲဆိုခြင်းအကြောင်း၊ ပဋိညာဉ်အက်ဥပဒေအကြောင်း၊ စီးပွားရေးဥပဒေပညာအောင်လက်မှတ် ဒီပလိုမာသင်တန်းနှင့် ပတ်သက်၍ စီးပွားရေးဆိုင်ရာဥပဒေများအကြောင်း၊ စီးပွားရေးစာချုပ်စာတမ်းများအကြောင်းနှင့် လျှောက်လဲချက်ပေးခြင်း အနုပညာအကြောင်း၊ ဥပဒေဆိုင်ရာအထောက်အကူပေးရေး ဥပဒေအကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့သည်။
မောက်မယ်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရပ်ကွက်အတွင်း လှည့်လည်နှိုးဆော်
Feb 02,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပွင့်လင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်အတွင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ကားဖြင့် ယမန်နေ့နေ့လယ် ၁ နာရီခွဲက လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။