သတင်းများ

မိုင်းယုမြို့၌ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ
Feb 02,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ဌာနဆိုင်ရာ ရုံး/ အဆောက်အဦးများအား မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် ကွင်းဆင်းစစ်ဆေး
Feb 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) တွင် ပွင့်လင်းရာသီသို့ ကူး‌ပြောင်းလာပြီဖြစ်၍ ဌာနဆိုင်ရာ ရုံး/ အဆောက်အဦးများအား မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် မြို့နယ်မီးသတ်ဉီးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့နံနက် ၁၀ နာရီက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၃၇) ရပ်ကွက်ရှိ ရုံးဌာနများသို့ လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အ.ထ.က (ခွဲ) ခလောက်သိုက်တွင် လူငယ်ရေးရာ ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းများ ကျင်းပ
Feb 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ခလောက်သိုက်ကျေးရွာ အ.ထ.က(ခွဲ) ခလောက်သိုက်ကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်( ၁ဝ)နာရီက ဆောင်ရွက်ခဲ့သည်။
မြောင်းမြမြို့တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ ‌တက်ရောက်နိုင်ရေး အသိပညာပေး ဟောပြောပွဲများ ကျင်းပ
Feb 02,2024
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဦးဆောင်၍ အခြေခံပညာကျောင်းများတွင် အလယ်တန်းအဆင့် (Grade 9) အောင်မြင်သော ကျောင်းသားကျောင်းသူများ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ ‌တက်ရောက်နိုင်ရေး အသိပညာပေး ဟောပြောပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
မိုးကောင်းမြို့၌ အခြေခံလူတန်းစားများအတွက် သက်သာဈေးအရောင်းဆိုင်ဖွင့်လှစ်ရောင်းချပေး
Feb 02,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန်များအား သက်သာဈေးနှုန်းဖြင့် ဝယ်ယူရရှိရေး သက်သာဈေးအရောင်းဆိုင်ကို ယမန်နေ့ နံနက်(၉)နာရီခွဲတွင်  ဈေးကုန်းရပ်ကွက် စည်ပင်သာယာဈေးအနီး၌ ဖွင့်လှစ်ရောင်းချသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဒေသအတွင်းဆီဖူလုံရေးနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Feb 02,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဒေသအတွင်း ဆီဖူလုံရေးနှင့် ကုန်ထုတ်လုပ်ငန်းများတိုးမြှင့်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
လပွတ္တာမြို့နယ်၌ ခရိုင်အဆင့် မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းဆက်လက် လေ့ကျင့်သင်ကြား
Feb 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ၃ မိုင်မြို့ရှိ ခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် ဇန်နဝါရီလ ၂၉ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် ခရိုင်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ)သင်တန်းကို ဆက်လက်သင်ကြား လေ့ကျင့်လျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဒေသခံပြည်သူများအတွက် စားသုံးဆီများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးနေမှုအား ကြည့်ရှုအားပေး
Feb 02,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် စားသုံးကုန်ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေး၊ ဒေသခံပြည်သူများ စားသုံးဆီဖူလုံစေရေးနှင့် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးတို့အတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဦးဆောင်မှုဖြင့် မကွေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်းရှိ စားသုံးသူပြည်သူများထံသို့ စားအုန်းဆီ တိုက်ရိုက်ရောင်းချဆောင်ရွက်ပေးနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။