သတင်းများ

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Mpox(မျောက်ကျောက်) ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းအား အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 23,2024
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် Mpox (မျောက်ကျောက်)ရောဂါကူးစက်မှုအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာအုပ်စုအတွင်းရှိ ချောင်းများ၌ ငါးမျိုးစိုက်ထည့်ရန် ကွင်းဆင်းကြည့်ရှု
Aug 23,2024
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာအုပ်စုအတွင်းရှိချောင်းများ၌ ငါးမျိုးစိုက်ထည့်ရန် ယနေ့နံနက်ပိုင်းတွင် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် လက်ပံတောကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ကျောက်ကြီးဖြည့် Gabion Box မြေထိန်းနံရံ တည်ဆောက်ခြင်း ကြည့်ရှုစစ်ဆေး
Aug 23,2024
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက  မကွေးမြို့နယ် လက်ပံတောကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ကျောက်ကြီးဖြည့် Gabion Box မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။
ကျောက်ပန်းတောင်းမြို့ မြို့မရပ်ကွက်တွင် ဝါယာလျှော့ဖြစ်ရာမှ နေအိမ်တစ်လုံးနှင့် ဆိုင်ခန်းတစ်ခန်း မီးလောင်မှုဖြစ်ပွား
Aug 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့မစည်ပင်သာယာဈေးအနီး၊ မြို့မရပ်ကွက်တွင်၊ ယမန်နေ့မွန်းလွဲ(၃:၀၅)နာရီခန့်က ဝါယာလျှော့ဖြစ်ရာမှ လူနေအိမ်တစ်လုံးနှင့် ဆိုင်ခန်းတစ်ခန်းမီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့၌ မြို့နယ်စိုက်ညှိအဖွဲ့မှ လုပ်ငန်းညှိနှိုင်းအစည်းဝေးနှင့် မြေပြင်အခြေအနေ ကွင်းဆင်းစစ်ဆေး
Aug 23,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်စိုက်ညှိအဖွဲ့မှ လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ သီးနှံမျိုးစုံစိုက်ပျိုးပြီးစီး
Aug 23,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ သီးနှံမျိုးစုံ ၇၂၀၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
Aug 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့မွန်းလွဲ (၂) နာရီက စာဖတ်ဝိုင်းကျင်းပ ပြုလုပ်သည်။
ကျွဲလမ်းကြီး-စာဖြူစုကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ (၅၀%) ဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး
Aug 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျွဲလမ်းကြီး-စာဖြူစုကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ (၅၀%) ဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။