သတင်းများ

ရွှေတောင်မြို့နယ်တွင် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 02,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အစည်းအဝေးခန်းမတွင် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပုံ​​ပြင်ပြောပြိုင်ပွဲ ကျင်းပ
Feb 02,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့ နေလယ်(၁)နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သထုံမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် လိုက်လံဖွင့်လှစ်ပေး
Feb 02,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သထုံမြို့၊ အောက်ကျင်းရပ်ကွက်ရှိ ဓမ္မမေဒနီ အခြေခံပညာမူလတန်း‌ကျောင်းနှင့် အောင်မြေရွှေဘုံ အခြေခံပညာမူလတန်းကျောင်းတို့၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။
ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ အ.ထ.က (ဘီးလင်း) ကျောင်း၌ မီးဘေးလုံခြုံရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Feb 02,2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနသည် ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် အသံချဲ့စက်ဖြင့် မြို့နယ်အတွင်း လှည့်လည်၍ မီးဘေးလုံခြုံရေးအသိပေးနှိုးဆော်ခြင်း၊ အခြေခံပညာကျောင်းများသို့ သွားရောက်၍ အသိပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
မင်းဘူးမြို့ စည်ပင်သာယာမြို့မဈေးကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်း ဆောင်ရွက်
Feb 02,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ စည်ပင်သာယာမြို့မဈေးကြီး၌ ဈေးမီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းများကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က အဆိုပါဈေးကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စစ်ကြောင်း (၅) ကြောင်းဖြင့် ကွင်းဆင်းတွေ့ဆုံ
Feb 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက အပင်နှစ်ဆယ်ကျေးရွာအုပ်စု၊ သော်ကကုန်းကျေးရွာရှိ ဘုန်းတော်ကြီး‌ကျောင်းတွင် ပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့မ စည်ပင်သာယာဈေးကြီးအား မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံစေရေးအတွက် နေ့စဉ် ကြပ်မတ်စစ်ဆေး
Feb 02,2024
ပွင့်လင်းရာသီကာလသို့ ရောက်ရှိလာပြီဖြစ်၍ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစည်ပင်သာယာဈေးကြီးအား မီးဘေးလုံခြုံစေရန်နှင့် ဈေးလုံခြုံမှုရှိစေရန်အတွက် နေ့/ညမပျက် ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည ၆ နာရီခွဲအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ဦးဆောင်မှုဖြင့် ဈေးတာဝန်ခံ ဝန်ထမ်းများက ဈေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး မြို့မစည်ပင်သာယာဈေးကြီး အတွင်း၊ အပြင်ရှိ ဈေးဆိုင်ခန်းများအား မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးအတွက်  ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြော၊ လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်
Feb 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်၊ အင်္ဂပိုလမ်းရှိ ရွှေခြင်္သေ့ စက်သုံးဆီဆိုင်တွင် ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၁၀ နာရီက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် အရေးပေါ်မီးငြိမ်းသတ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့သည်။