မြဝတီမြို့၌ (၂၅) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု   အဆို၊ အက၊ အရေး ၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

မြဝတီ ဩဂုတ် ၂၃

၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊  အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကရင်ပြည်နယ်၊  မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်၊ City Home ခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ အခမ်းအနားတွင် (၂၅) ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊  အရေး၊ အတီး ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အခြေခံပညာအဆင့် (၁၀-၁၅)နှင့် (၁၅-၂၀) အကပြိုင်ပွဲ ပထမဆု ရရှိသူများ၊ အခြေခံပညာအဆင့်(၁၀-၁၅)နှင့် (၁၅-၂၀) အဆိုပြိုင်ပွဲ ပထမဆုရရှိသူများ၊ (၁၅-၂၀) ကာလပေါ် အဆိုပြိုင်ပွဲ ပထမရရှိသူများ၊ (၁၀-၁၅) မဟာဂီတအဆိုပြိုင်ပွဲ ပထမဆုရရှိသူ၊ (၁၀-၁၅) အမျိုးသားစန္ဒယားတီးပြိုင်ပွဲ ပထမဆုရရှိသူ၊ ဝါသနာရှင်  (ဒုတိယတန်းအဆင့်) အမျိုးသားအက ပထမဆု ရရှိသူနှင့်  ကဗျာလွတ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့်  အ.ထ.က(၁) ကျောင်းသူလေးများ အဖွဲ့တို့က အကအလှများ၊  အဆိုများဖြင့်  ဧည့်ခံဖျော်ဖြေကြသည်။

ဆက်လက်၍ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် ကရင် ပြည်နယ်၊ သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ  ဘာသာပေါင်းစုံချစ်ကြည်ရေး နာယက ဦးစောမုတ်သုန်တို့က အမှာစကားများ အသီးသီး ပြောကြားပေးသည်။ ထို့နောက် (၂၅) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပါဝင်ကူညီလှူဒါန်းပေးသည့် အလှူရှင်များအားဂုဏ်ပြု မှတ်တမ်းလွှာများကို တာဝန်ရှိသူများက ပေးအပ်သည်။

ဆက်လက်ပြီး  ဆုချီးမြှင့်ပွဲကျင်းပခဲ့ရာ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ကရင်ပြည်နယ်၊ သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဘာသာပေါင်းစုံ ချစ်ကြည်ရေး နာယက ဦးစောမုတ်သုန်၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော လုပ်ငန်းရှင်များက  အခြေခံပညာအဆင့်  (၁၀-၁၅) နှင့် (၁၅-၂၀)အမျိုးသား၊ အမျိုးသမီးအက ပြိုင်ပွဲ၊ အခြေခံပညာအဆင့် (၁၀-၁၅)နှင့် (၁၅-၂၀)အမျိုးသား၊   အမျိုးသမီး အဆိုပြိုင်ပွဲ၊ (၁၅-၂၀)အမျိုးသား၊  အမျိုးသမီးကာလပေါ် အဆိုပြိုင်ပွဲ၊ (၁၀-၁၅)အမျိုးသား၊  အမျိုးသမီး မဟာဂီတ အဆိုပြိုင်ပွဲ ဆုရရှိသူများ၊(၁၀-၁၅) အမျိုးသားစန္ဒယားတီးပြိုင်ပွဲ  ပထမဆုရရှိသူ၊ ဝါသနာရှင် (ဒုတိယတန်းအဆင့်) အမျိုးသားအက ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများနှင့် ကဗျာလွတ်ပြိုင်ပွဲ (အဖွဲ့လိုက်)တို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့်  နှစ်သိမ့်ဆု ရရှိသူများအား  ပြိုင်ပွဲတစ်ခုချင်းအလိုက် ဆုများ ပေးအပ်ချီးမြှင့်သည်။

မြဝတီမြို့နယ်တွင် အဆိုပါပြိုင်ပွဲများ ကျင်းပပေးခြင်းအားဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုသုခုမပညာများ မပျောက်ပျက်အောင်နှင့် ရွက်ပုန်းသီး မျိုးဆက်သစ်လူငယ်များ အနုပညာ အမွေအနှစ်ကို ဆက်လက်လက်ဆင့်ကမ်းဆောင်ရွက်စေလိုသော ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)