တပ်ကုန်း ဩဂုတ် ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် အဂတိလိုက်စားတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဦးဆောင်ပြီး ကျောင်းသား၊ ကျောင်းသူများအား အဂတိလိုက်စားမှုနှင့်ပတ်သက်၍ ကျယ်ပြန့်စွာသိရှိစေရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းဓမ္မာရုံတွင် ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် အဂတိလိုက်စားတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဦးစီးအရာရှိ ဒေါ်မြတ်မွန်မွှေးက မူလတန်းအဆင့် အဂတိလိုက်စားတိုက်ဖျက်ရေးဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှုအကြောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်သဇင်ဦးက အလယ်တန်းအဆင့် အဂတိလိုက်စားတိုက်ဖျက်ရေးဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှုအကြောင်းတို့ကို ပရိုးဂျက်တာဖြင့် အကျယ်တဝင့်ဟောပြောခဲ့ပြီးနောက် မကျီးပင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းရဲနန္ဒာစိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရပြီး၊ ဟောပြောပွဲသို့ ဆရာ၊ ဆရာမများ နှင့်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၉၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်