သတင်းများ

ကံမမြို့ အခြေခံပညာအထက်တန်းကျောင်း (ကံမ) ၌ ကျောင်းကျန်းမာရေး ရက်သတ္တပတ်အဖြစ် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြော
Aug 23,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ် (၄) ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း (ကံမ) ၏ မြဝတီခန်းမ၌ ယမန်နေ့ မွန်းလွဲ (၂) နာရီက  ကျောင်းကျန်းမာရေး ရက်သတ္တပတ်အဖြစ် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောကို ပြုလုပ်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတက်ရောက်
Aug 23,2024
တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို အခြေခံသည့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြင့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်ရည်ရွယ်၍ မွန်ပြည်နယ် ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုမြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အကဲဖြတ်အမှတ်ပေးဒိုင်များ၊ မြို့နယ်အသီးသီးမှ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။
စမ်းချောင်းမြို့နယ်၌ ယာယီနေရပ်စွန့်ခွာလာသူများ စာရင်းကောက်ယူရေး လုပ်ငန်းဆောင်ရွက်
Aug 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ အကြောင်းအမျိုးမျိုးကြောင့် ယာယီနေရပ် စွန့်ခွာလာသူများ စာရင်းကောက်ယူရေးလုပ်ငန်းကို ယမန်နေ့ နံနက် (၁၀) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်၌ ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်
Aug 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ယမန်နေ့နံနက်က ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့ မြို့မဈေးကြီးအတွင်း အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Aug 23,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စားသုံးသူ ပြည်သူများ သက်သာစွာစားသုံးနိုင်ရေးအတွက် မြို့သစ်မြို့နယ် စည်ပင်သာယာစျေးကြီးရှိ အသားဆိုင်များ၌ လက်ရှိမြေပြင်တွင် ဖြစ်ပေါ်ရောင်းချလျက်ရှိသော အသား (အမဲ၊ ဝက်၊ ဆိတ်) စျေးနှုန်းများအား ဗီနိုင်းဆိုင်းဘုတ်များဖြင့် လျှော့ချသတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချစေရေးအဖွဲ့ ဝန်ထမ်းများက နေ့စဉ်အချိန်ပြည့်စောင့်ကြပ်ကြည့်ရှုစစ်ဆေးများကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Aug 23,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား(အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယ​မန်နေ့နံနက် (၉:၃၀) အချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၌ အခမဲ့ စမ်းသပ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
သာယာဝတီ၌ စိန်လျှံဖြိုးရောင်းဝယ်ရေးသမဝါယမအသင်း နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ
Aug 23,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စံရွေးတန်းရပ်ကွက်ရှိ စိန်လျှံဖြိုး ရောင်းဝယ်ရေးသမဝါယမအသင်း၏ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအား ယနေ့နံနက်ပိုင်းက သုံးဆယ်မြို့ စံရွေးတန်းရပ်ကွက်သမဝါယမအသင်းဆိုင်၌ ကျင်းပခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Aug 23,2024
မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။