မိုင်းခုတ်မြို့၌ ယမန်နေ့မွန်းလွဲပိုင်းမှစ၍ ရေကြီးရေလျှံမှုဖြစ်ပေါ်

မိုင်းခုတ် ဩဂုတ် ၂၃

မိုင်းခုတ်မြို့၌ သြဂုတ်လ (၂၁) ရက်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းသဖြင့် နမ့်ခုတ်ချောင်းရေ မြင့်တက်လာခြင်း၊ တောင်ကျရေများ စီးဆင်းမှုကြောင့် ယမန်နေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးထားသည့်လယ်များအပါအဝင် ခမရ (၅၇၉) သို့သွားသည့်တံတားနှင့် အ.ထ.ကကျောင်းတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ညနေပိုင်းအချိန်တွင် ရေများပြန်လည်ကျဆင်းသွားပြီး ဖြစ်သည်။

အ.ထ.ကကျောင်းတွင် မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်ဦးဆောင်သည့်အဖွဲ့နှင့် မြို့မီးသတ်ဦးစီးမှူး ဦးသက်လွင်ဇော်ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါနမ့်ခုတ်ချောင်း ရေကြီးရေလျှံမှုကြောင့် သြဂုတ် (၂၂) ရက် နေ့လည်ပိုင်းမှ သြဂုတ် (၂၃) ရက်နေ့ထိ ပိတ်ထားကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းဖောင်ထံမှ သိရသည်။

သီတာအေး(ပြန်/ဆက်)