သတင်းများ

သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဥက္ကဋ္ဌ ငါးဘတ်ချောင်း ကျေးရွာအုပ်စုရှိ တောင်သူများနှင့် တွေ့ဆုံ
Feb 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ ငါးဘတ်ချောင်း ကျေးရွာတောင်သူများနှင့် ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျေးရွာသို့ သွားရောက်တွေ့ဆုံခဲ့သည်။
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံး ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပ
Feb 03,2024
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်စာစောင် ပြပွဲများကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အင်းတော်မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ဆောင်ရွက်
Feb 03,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ဒေသခံပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် ပူးပေါင်းပါဝင် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ် နိုးသူအသင်း (Book Club) တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။ 
ကလေးမြို့ အမှတ်(၈) အ.ထ.ကကျောင်းတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်  ကဗျာ၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Feb 03,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီ အချိန်က ကျင်းပရာ အဆိုပါကျောင်း အလံတိုင်ကွင်းတွင် ကျင်းပခဲ့သည်။
ဓနုဖြူမြို့နယ်၌ စာဖတ်ဝိုင်း ကျင်းပ
Feb 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ Women Club အသင်းဝင်များနှင့် စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသော "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ"စာအုပ်ဖြင့် ယမန်နေ့ နံနက်ပိုင်းက စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဖြစ် ဒေသထွက်ထုတ်ကုန်နှင့် ရိုးရာအစားအစာ ခင်းကျင်းပြသရောင်းချနိုင်ရေး ဆိုင်ခန်းများတည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဝင်များနှင့်တွေ့ဆုံ
Feb 03,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအနီးရှိ တပေါင်းကွင်းအတွင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နေပြည်တော်နှင့်တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဒေသထွက် MSME ကုန်ထုတ်လုပ်ငန်းများနှင့်ပတ်သက် ၍ One Region One Product ထုတ်ကုန်များ အပါအဝင် ပြည်ပကိုတင်ပို့ ရောင်းချနေသည့် MSME ထုတ်ကုန်နှင့်ရိုးရာ အစားအစာ ခင်းကျင်းပြသရောင်းချနိုင်ရေး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ဆိုင်ခန်းများတည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဝင်များနှင့်တွေ့ဆုံခြင်းကို ယမန်နေ့ ညနေ ၄ နာရီခွဲက အဆိုပါတပေါင်းကွင်း၊ ယာယီကွပ်ကဲရေးရုံးတွင် တွေ့ဆုံခဲ့သည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင် ပေါင်းတည်မြို့နယ်၌ နွေစပါးစိုက်မည့် စိုက်ပျိုးမြေများအား ကွင်းဆင်းကြည့်ရှု
Feb 02,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်သည် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့နံနက် ၉ နာရီခွဲက ပေါင်းတည်မြို့နယ်တွင် နွေစပါးစိုက်ပျိုးမည့် စိုက်ပျိုးမြေများ၌ ထွန်ယက်ပြီးစီးမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုကြသည်။
တန့်ယန်းမြို့နယ် အမှတ်(၈)ရပ်ကွက်ရှိ နောင်မိုလမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်
Feb 02,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးဌာနမှ မြို့တွင်းလမ်းများ အဆင့်မြင့်ကောင်းမွန်လာစေရန် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အမှတ်(၈)ရပ်ကွက်ရှိ နောင်မိုလမ်းအား မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်၍ ဆောင်ရွက်ပေးနေလျက်ရှိသည်။