ကလေးမြို့ အမှတ်(၈) အ.ထ.ကကျောင်းတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်  ကဗျာ၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ကလေး ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီ အချိန်က ကျင်းပရာ အဆိုပါကျောင်း အလံတိုင်ကွင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားခဲ့ပြီး ကျောင်းဆရာကြီးတစ်ဦးက စာစီစာကုံးရေးသားနည်းနှင့် ပန်းချီရေးဆွဲခြင်းတို့နှင့်သက်ဆိုင်သည့် ဗဟုသုတများကို ပြောကြားခဲ့သည်။

ဆက်လက်၍ အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကဗျာ၊ စာစီစာကုံးနှင့် ပန်းချီ ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)