သတင်းများ

ငပုတောမြို့နယ်အတွင်းရှိ နွေစပါး၊ နေကြာနှင့် ပိုက်ဆံလျှော် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုနှင့် မြောင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး
Feb 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီ‌ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ရာဇာစိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းမျိုးသန့်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ငပုတောမြို့နယ်အုန်းပင်စုရွာ တောင်သူဦးမင်းမင်းစိုး၏ လယ်မြေတွင် စိုက်ပျိုးထားသည့် နေကြာစိုက်ခင်း၊ ပိုက်ဆံလျှော်စိုက်ခင်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများထံ လိုအပ်သည်များမှာကြားသည်။
မြောင်းမြမြို့ အ.ထ.က (၂) ကျောင်း‌၌ လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲ ကျင်းပ
Feb 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ အ.ထ.က(၂) ‌ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များဗလငါးတန် ပြည့်စုံစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေး၊ နှုတ်မှုစွမ်းရည်ထက်မြက်ပြီး ရဲဝံ့လိမ္မာစွာစကားပြောဆိုနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကို ယနေ့နံနက် (၁၀:၀၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)၌ ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်စကားဝိုင်း ကျင်းပ
Feb 02,2024
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ရေနံချောင်း) တို့ ပူးပေါင်းကာ ကျောင်းသားကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။
ရေကြည်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်
Feb 02,2024
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ သာသနိကအဆောက်အဦးများ၊ စာသင်ကျောင်းများ၊ စက်ရုံအလုပ်ရုံများနှင့် လူနေအိမ်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာ့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ဆောင်ရွက်လျက်ရှိသည်။
ပူတာအိုခရိုင်၌ ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ
Feb 02,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းမှုဖြင့် ဖေဖော်ဝါရီ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပုံပြင်ပြော၊ စာဖတ်စွမ်းရည်နှင့် ကဗျာရွတ်ပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ချီဖွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်း ဘောလုံးပြိုင်ပွဲ ကျင်းပ
Feb 02,2024
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အလွတ်တန်း အမျိုးသာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ (၂)နာရီခွဲတွင် မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင် လူမှုဖူလုံရေးဌာနနှင့် မြသဇင်အထူးကု ဆေးခန်းတို့ ပူးပေါင်းဆောင်ရွက်မည့် ဆေးကုသမှုလုပ်ငန်းစဥ်များ မိတ်ဆက်ရှင်းလင်း
Feb 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ပြင်ပလူနာများ ဝန်ဆောင်မှုဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်အတွက် လူမှုဖူလုံရေး-မြသဇင်အထူးကု ဆေးခန်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ဆေးကုသမှုလုပ်ငန်းများ ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ဟင်္သာတမြို့ ဘုရားကြီးရပ်ကွက်ရှိ မြသဇင်အထူးကုဆေးခန်း အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။
မြန်အောင်မြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် အတုလသယမ္ဘူ မြတ်စွာဘုရားကြီး တတိယအကြိမ် မြောက် ဗုဒ္ဓပူဇနိယ အနေကဇာတင်မင်္ဂလာနှင့် ဝေဠုဝန်ဆရာတော် မဟာဂန္တဝါစ​က​ပဏ္ဍိတ ဘဒ္ဒန္တစာရိန္ဒ၏ (၅၉)နှစ်ပြည့် ဝိဇာတမင်္ဂလာပွဲကျင်းပပြုလုပ်
Feb 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ဝေဠုဝန်ပရိယတ္တိစာသင်တိုက် အတုလသယမ္ဘူ မြတ်စွာဘုရားကြီး တတိယအကြိမ်မြောက် ဗုဒ္ဓပူဇနိယ အနေကဇာတင်မင်္ဂလာနှင့် ဝေဠုဝန် ဆရာတော် မဟာဂန္တဝါစ​က​ပဏ္ဍိတ ဘဒ္ဒန္တစာရိန္ဒ ၏ (၅၉)နှစ်ပြည့် ဝိဇာတမင်္ဂလာပွဲကို ယနေ့ နံနက်က ကျင်းပပြုလုပ်ရာ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင်(၁)ဒုတိယ ဗိုလ်မှူးကြီး အောင်စိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းတို့ တက်ရောက်ဖူးမြော် ကြည်ညိုခဲ့ကြသည်။