သတင်းများ

ညောင်တုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်
Feb 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဇလွန်မြို့နယ်တွင် လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Feb 02,2024
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ဖားလက်ခိုကျေးရွာအုပ်စုနှင့် သက္ကယ်ကျွန်းကျေးရွာအုပ်စုတို့တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အ.ထ.က (၁) ဇလွန်တွင် ဇလွန်မြို့နယ်စာရေးဆရာအသင်းမှ စာပေနှင့်အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ဇလွန်မြို့နယ်စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသော စာပေနှင့်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အ.ထ.က (၁) ဇလွန် အမျိုးသားကျောင်းဆောင်တွင် ကျင်းပခဲ့သည်။
ဟားခါးတက္ကသိုလ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲပြုလုပ်
Feb 02,2024
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးတက္ကသိုလ်၊ အဆောင် (၂)၌ ကျင်းပရာ ဟားခါးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီက ပြိုင်ပွဲကျင်းပနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများ ကျန်းမာ​ရေး စောင့်ရှောက်မှု ဆောင်ရွက်ပေး
Feb 02,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ ပြည်သူ့ကျန်းမာရေးဉီးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို ​ဖေဖော်ဝါရီ(၂)ရက်၊ နံနက်ပိုင်း (၉)နာရီမှ (၁၂)နာရီအထိ အပတ်စဉ်​ သောကြာ​နေ့တိုင်း​​ဆောင်ရွက်မှု ပေးလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ် Community Centre ခန်းမတွင် Club အဖွဲ့များပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ
Feb 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် Book Club ၊ Youth Club ၊ Women Club အဖွဲ့တို့မှ ပူးပေါင်း၍ စာရေးဆရာဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ (၁)နာရီအချိန်တွင် ကျင်းပခဲ့သည်။
၇၇ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာရေးစပ် ပြိုင်ပွဲများ ကျင်းပ
Feb 02,2024
၇၇ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာရေးစပ် ပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ မတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟားခါးတက္ကသိုလ်၌ (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့ ဂုဏ်ပြုကြိုဆိုသောအားဖြင့် ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံဟောပြောပွဲပြုလုပ်
Feb 02,2024
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ လေ့လာတင်ပြဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးတက္ကသိုလ်၊ အဆောင် (၇)၊ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။