ဓနုဖြူမြို့နယ်၌ စာဖတ်ဝိုင်း ကျင်းပ

ဓနုဖြူ ဖေဖော်ဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ Women Club အသင်းဝင်များနှင့် စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသော "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ"စာအုပ်ဖြင့် ယမန်နေ့ နံနက်ပိုင်းက စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မေစိုးက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီး၊ Women Club အသင်းဝင်များက "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ်မှ လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်တဲ့အရာများ၊ ကံရာဇာငယ်၏ အလှူမဏ္ဍပ်၊ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ၊ ဆရာနှင့်ပတ်သက်သည့်အတွေးများ၊ ဆရာတပည့်ပုံရိပ်များ၊ စာရေးသူ သူ့ခေတ်သူ့အခါက သင်ကြားရေးကိစ္စများ၊ သဘောထားခံယူချက်များ၊ ဆရာ၊ဆရာမများနှင့် သင်ကြားပို့ချမှု ခံယူသော ကျောင်းသားကျောင်းသူများ၏ စေတနာ၊ ခံယူချက် သဘောထား၊ ကျင့်သုံးဆောင်ရွက်မှု၊ အားထုတ်လုပ်ဆောင်မှု စသည့် အကြောင်းအရာများကို စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)