သတင်းများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်း
Feb 03,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများအား ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး (၂) ထပ်ဆောင်အစည်းအဝေးခန်းမတွင် ကျင်းပသည်။
မင်းလှမြို့နယ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီ ပြီးစီးရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများနှင့် တွေ့ဆုံ ဆွေးနွေး
Feb 03,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ငွေလုံး၊ ငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီ ပြီးစီးရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လုပ်ငန်းများ တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ ညနေ (၃) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) အထက်တန်းအဆင့် အထွေထွေ ဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ
Feb 03,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) အထက် တန်းအဆင့် အထွေထွေ ဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁:၃၀ နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
အ.ထ.က (မိုးညို)၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးနှင့်‌ ဆောင်းပါးပြိုင်ပွဲကျင်းပ
Feb 03,2024
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို) စာစီစာကုံးနှင့်‌ ဆောင်းပါးပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အ.ထ.က (မိုးညို) ကျောင်း၌ ပြုလုပ်ခဲ့သည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကာယစွမ်းရည် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကျင်းပ
Feb 03,2024
ကျိုက်မရောမြို့၊ အ.မ.က မူလွန်ကလိုင်းကနိုင်ကျောင်း​၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကာယစွမ်းရည် ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ နံနက်က အဆိုပါ ကျောင်းရှေ့၌ကျင်းပ ပြုလုပ်သည်။
ရွှေတောင်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း  (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Feb 03,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။
မြိတ်မြို့နယ်၏ ၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လ/ထကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရမည့် စည်းကမ်းများဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Feb 03,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၏ ၂ဝ၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လ/ထကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရမည့် စည်းကမ်းများဆိုင်ရာ ဆွေးနွေးပွဲကို အ-ထ-က (၁) မြိတ် ပညာ့ဗိမာန်ခန်းမတွင် ယနေ့နံနက် (၉) နာရီက ကျင်းပခဲ့သည်။
ကန့်ဘလူမြို့နယ်တွင် နွေစပါးစိုက်ပျိုးရာသီ၌ နွေစပါး (၂၃၄၀၀) ဧကလျာထားစိုက်ပျိုးမည်
Feb 03,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကင်းတပ်ရေလှောင်တမံ (OMC) မြောင်းများ၊ လင်ပန်းရေလှောင်တမံ၊ မင်းမြင်ရေလှောင်တမံနှင်သိန်ရင်ရေလှောင်တမံတို့မှ ယခုနှစ် နွေစပါးစိုက်ပျိုးရာသီ၌ နွေစပါး (၂၃၄၀၀) ဧကကို အောင်မြင်ဖြစ်ထွန်းစွာစိုက်ပျိုးနိုင်ရေး ဆည်ရေများအား ဖေဖော်ဝါရီ ၇ ရက်မှစတင်၍ မြောင်းလက်တံများမှတစ်ဆင့် ရေပေးမြောင်းအလိုက် ပေးဝေသွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။