မချမ်းဘော ဖေဖော်ဝါရီ ၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ဒေသခံပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် ပူးပေါင်းပါဝင် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ် နိုးသူအသင်း (Book Club) တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က စာဖတ်ဝိုင်းပြု လုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး စာရေးဆရာ (ချစ်နိုင်) ရေးသားထားသော လောကဇာတ်ခုံပေါ်မှာ စာအုပ်ပါ ရသအသုံးချတန်ဖိုးခေါင်းစဥ်ဖြင့် စတင်ဆွေးနွေးခဲ့သည်။
ဆက်လက်၍( Book Club )အသင်းဝင် ဒေါ်အိပပစိုးက တိုင်းတာမပြနိုင်သော်လည်း မြင်သာသိသာ သောစေတနာ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ (Book Club) အသင်းဝင် ဦးမိုးသူကျော်က စာဖတ်ကျင့် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ (Book Club) အသင်းဝင် ဦးယော်စတိန်က တိုးတက်ချင်လျှင်ပြုပြင် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ (Book Club) အသင်းဝင် ဒေါ်နန်ဆိုင်းက စာဖတ်ကျင့် ခေါင်းစဥ်ဖြင့် လည်းကောင်း ၊ (Book Club) အသင်းဝင် ဒေါ်အိန်နူးက ခေတ်မီရမှာက ပညာဗဟုသုတခေါင်းစဥ်ဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြရာ (Book Club) အသင်းဝင်များက ဆွေးနွေးချက်များအပေါ် ၄င်း၏အတွေးအမြင်များကိုလည်း ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မချမ်းဘောမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများ၊ Talk Show များကို အစဥ်သဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော)