တန့်ယန်း ဖေဖော်ဝါရီ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးဌာနမှ မြို့တွင်းလမ်းများ အဆင့်မြင့်ကောင်းမွန်လာစေရန် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အမှတ်(၈)ရပ်ကွက်ရှိ နောင်မိုလမ်းအား မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်၍ ဆောင်ရွက်ပေးနေလျက်ရှိသည်။
အဆိုပါ အမှတ်(၈)ရပ်ကွက်ရှိ နောင်မိုလမ်းကို အရှည်ပေ(၅၀၀)၊ အကျယ်(၁၂)ပေ၊ ထု(၉)လက်မရှိ ကတ္တရာလမ်းအဖြစ် မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဒေါ်ခင်မာအေးနှင့် တာဝန်ရှိသူတို့က အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်ပေးနေရာ အမှတ်(၈) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဌေးက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)