သာပေါင်း ဖေဖော်ဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ ငါးဘတ်ချောင်း ကျေးရွာတောင်သူများနှင့် ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျေးရွာသို့ သွားရောက်တွေ့ဆုံခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ၊ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ ငါးဘတ်ချောင်းကျေးရွာ၊ စိုက်ပျိုးရေးရှေ့တန်းစခန်းရုံးတွင် တောင်သူများနှင့် တွေ့ဆုံ၍ (၈၆)ဘီလီယံ သွင်းအားစု မိုးစပါး ရယူတောင်သူများ ကျန်ရှိသည့် ပေးသွင်းရမည့် စပါးများ ပေးသွင်းရေး၊ နွေစပါးစိုက်တောင်သူများ (၁)ဧက (၁၁၀)တင်း ထွက်ရှိရေး ဆောင်ရွက်ရန်၊ ၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးမြေမြှုပ်ဆောင်ရွက်ရေး၊ ၂၀၂၅ ခုနှစ်၊ ဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာစိုက်ပျိုးရေး၊ အဓိကသီးနှံ (၁၀)မျိုး ပန်းတိုင်အထွက်နှုန်း ရရှိရေး ဆောင်ရွက်ရန်၊ (မျိုးပြောင်းလဲခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ ဓာတ်မြေသြဇာအချိုးကျထည့်သွင်းရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး)၊ မျိုးစေ့ချကိရိယာ (Seeder) ဝယ်ယူအသုံးပြုရေး၊ ကြဲခင်းစနစ်အစား စိုက်ခင်းစနစ် အသုံးပြုရေး မှာကြားပြီး တောင်သူများ၏ လိုအပ်ချက်များအား ဆွေးနွေးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း (ပြန်/ဆက်)