နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဖြစ် ဒေသထွက်ထုတ်ကုန်နှင့် ရိုးရာအစားအစာ ခင်းကျင်းပြသရောင်းချနိုင်ရေး ဆိုင်ခန်းများတည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဝင်များနှင့်တွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအနီးရှိ တပေါင်းကွင်းအတွင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နေပြည်တော်နှင့်တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဒေသထွက် MSME ကုန်ထုတ်လုပ်ငန်းများနှင့်ပတ်သက် ၍ One Region One Product ထုတ်ကုန်များ အပါအဝင် ပြည်ပကိုတင်ပို့ ရောင်းချနေသည့် MSME ထုတ်ကုန်နှင့်ရိုးရာ အစားအစာ ခင်းကျင်းပြသရောင်းချနိုင်ရေး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ဆိုင်ခန်းများတည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဝင်များနှင့်တွေ့ဆုံခြင်းကို ယမန်နေ့ ညနေ ၄ နာရီခွဲက အဆိုပါ တပေါင်းကွင်း၊ ယာယီကွပ်ကဲရေးရုံးတွင် တွေ့ဆုံခဲ့သည်။

ထိုတွေ့ဆုံပွဲတွင် ​ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်ဇော်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းဇော်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပေါင်းစပ်ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားပြီးနောက် နေပြည်တော်နှင့်တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဒေသထွက် MSME ထုတ်ကုန်နှင့် ရိုးရာအစားအစာ ခင်းကျင်းပြသရောင်းချနိုင်ရေး ဆိုင်ခန်းများတည်ဆောက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ထွက်ရှိသည့် MSME ထုတ်ကုန်များ ခင်းကျင်းပြသရောင်းချပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းရောင်းချပွဲကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်