မိုင်းဖြတ်မြို့နယ်၌ ​အ​ထွေ​ထွေအထူးကုသမား​တော်ကြီးများအဖွဲ့ ဒေသခံတိုင်းရင်းသားများအား ကျန်းမာ​ရေး​ကုသမှုများ​(အခမဲ့)​ဆောင်ရွက်​​ပေး

မိုင်းဖြတ် ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကျိုင်းတုံမြို့၊ ပြည်နယ်ကုသရေးဦးစီးဌာနမှ အ​ထွေ​ထွေအထူးကုသမား​တော်ကြီးများအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့​ဆေးရုံ၌ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးကုသမှုများ(အခမဲ့)ကုသ​ပေးခဲ့​ကြောင်း သိရသည်။

ထိုသို့ ကျန်းမာ​ရေးကုသမှုများ​ဆောင်ရွက်​ပေးရာတွင် ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)ကျိုင်းတုံမြို့၊ ပြည်နယ်ကုသ​ရေးဦးစီးဌာနမှ ​​ဆေးရုံအုပ်ကြီးဒေါက်တာစည်သူ​အောင်ဦးစီးသည့် အ​ထွေထွေအထူးကုသမား​တော်ကြီးများ၊ ခွဲစိတ်၊ က​လေးအထူးကု၊ သားဖွား/မီးယပ်၊ အရိုး​ရောဂါ၊ သွား၊ မျက်စိ၊ နား/နှာ​ခေါင်း/လည်​ချောင်း၊ ဓာတ်​ရောင်ခြည်၊ ပြန်လည်သန်စွမ်း၊ စိတ်ရောဂါအထူးကု၊ ​ရောဂါ​ဗေဒအထူးကုသမား​တော်ကြီးများက ​ဒေသခံတိုင်းရင်းသားမိဘပြည်သူ(၅၂၄)ဦးကို ကျန်းမာ​ရေး​စောင့်​ရှောက်မှုများ(အခမဲ့)​ဆောင်ရွက်ပေးခဲ့​ရာ မြို့နယ်ပြည်သူ့​ဆေးရုံမှ ​ဒေါက်တာရဲ​ခေါင်နှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက ပူး​ပေါင်းဆောင်ရွက်​ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ​ကျန်းမာ​ရေးကုသမှုများ​ဆောင်ရွက်​ပေးရာသို့ ခေတ္တစစ်ဆင်​ရေးကွပ်ကဲ​ရေးမှူး ဗိုလ်မှူးကြီးကျော်လင်းနှင့် စစ်ဘက်ဆိုင်ရာအရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီအောင်နှင့်တပ်ဖွဲ့ဝင်များ လိုက်လံကြည့်ရှုအား​ပေးခဲ့ပြီး ​လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။

​မြို့နယ်(ပြန်/ဆက်)