မုဒုံ ဇန်နဝါရီ ၂၈
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယမန်နေ့က မြို့မ(၃)ရပ်ကွက်၊ ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက်များတွင် ဆောင်ရွက်သည်။
၂၀၂၄ ခုနှစ်လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် အဆောက်အအုံများ၏ တည်နေရာ၊ အရေအတွက်၊ အမျိုးအစား၊ အသုံးပြုမှုနှင့် လူနေထိုင်သော အိမ်ထောင်စုအရေအတွက်တို့ကို မှတ်တမ်းတင်သိရှိနိုင်ရန် အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်သည်။
အဆိုပါ အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းကို ဇန်နဝါရီ(၂၂)ရက်မှ စတင်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ(၄၂)အား ကောက်ယူသွားမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)