မန္တလေး ဇန်နဝါရီ ၂၈
မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် ပညာရေးမှူးရုံးတို့ပူးပေါင်း၍ အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်သန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပါသည်။
အဆိုပါသင်တန်းတွင် စာကြည့်တိုက်အဓိပ္ပာယ်၊ စာကြည့်တိုက်အမျိုးအစားများ၊ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ စာရေးသူကတ်ပြားများ၊ စာငှားစနစ်၊ စာကြည့်တိုက်မှူး၏တာဝန်များ၊ စာကြည့်တိုက်အောင်မြင်ရေးနှင့် ဝန်ဆောင်မှုအကြောင်းအရာများ အစရှိသည့်ဘာသာရပ်များကို သင်ကြားပို့ချမည်ဖြစ်ပါသည်။
အဆိုပါသင်တန်းကို (၂)ရက်တာဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူစုစုပေါင်း(၄၅)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်