စဉ့်ကိုင်မြို့နယ်၌ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

စဉ့်ကိုင်     ဇန်နဝါရီ     ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် သင်ဂတုံကျေးရွာ၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်‌ဆေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိဦးကြည်ဇော်ထိုက်နှင့်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးများက နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲနှင့် ရေများ၊ မီးသတ်ဆေးဘူးများစသည့် မီးဘေးကာကွယ်ရေးပစ္စည်းများ အသင့်ရှိစေရေးနှင့်မီးဖိုမီး၊ လျှပ်စစ်မီးများစနစ်တကျအသုံးပြုစေရေး၊ မီးကြွင်း၊ မီးကျန်များအား အသုံးပြုပြီးပါက စနစ်တကျငြှိမ်းသတ်ကြရန်စသည့် အကြောင်းအရာများကို ရွာသူ/သားများအား ကွင်းဆင်းစစ်ဆေးအကြံ‌ပေးခဲ့ကြကြောင်း သိရသည်။

ကျော်စွာ ( စဉ့်ကိုင်)