ခန္တီးမြို့နယ်၌ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

ခန္တီး ဇန်နဝါရီ ၂၈

ခန္တီးခရိုင်မီးသတ်ဉီးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်နှင့် အခြားသောမတော်တဆမှုများ နှင့်ပတ်သက်သည့်လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့နံနက် ၉ နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်မှုကို မြို့မမင်္ဂလာဈေး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးမှုအား မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ် ဖြန့်ဖြူးရေးဌာန၊ ခန္တီးမြို့စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့က ပူးပေါင်း၍ မီးဘေးအန္တရာယ်မဖြစ်ပွားစေရးနှင့် အထူးအသဖြင့် ဈေးမီးလောင်မှုကြီးများ မပေါ်ပေါက်စေရေးအတွက် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။

ထိုသို့ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်မှုများပြုလုပ်ခြင်းဖြင့် မီးဘေးအန္တရာယ်မှကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပြီး ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များလည်း ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)