၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဧရာဝတီတိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် သာပေါင်းမြို့နယ်၊ အောင်တပ်-အစုကြီး-ထင်းပုံကွင်း-ကျွန်းကုန်းလမ်း ကျောက်အမာခံလမ်းအား မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးကြီးကြပ်မှုကော်မတီမှကြည့်ရှုစစ်ဆေး

သာပေါင်း ဇန်နဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးကြီးကြပ်မှုကော်မတီမှ အောင်တပ်-အစုကြီး-ထင်းပုံကွင်း-ကျွန်းကုန်းလမ်း ကျောက်အမာခံလမ်းအား ယမန်နေ့နံနက် ၁၀ နာရီအချိန်က လုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များက ကျွန်းကုန်းကျေးရွာအုပ်စု၊ ကျွန်းကုန်းကျေးရွာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဧရာဝတီတိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် အောင်တပ်-အစုကြီး-ထင်းပုံကွင်း-ကျွန်းကုန်းလမ်း ကျောက်အမာခံလမ်း (၀/၄ မိုင်×၁၂ပေ×၆လက်မ) တင်ဒါအောင်‌မြင်ငွေကျပ် (၉၆.၅၄)သန်းဖြင့် Ayeyarwaddy Light Ray ကုမ္ပဏီမှ လမ်းခင်းခြင်းဆောင်ရွက်ရာ (၁၀၀%)ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး လမ်းရေရှည်ထိန်းသိမ်းရေး၊ Site Clear ဆောင်ရွက်ရေးတို့ကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း(သာပေါင်း)