(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စည်သာကျေးရွာ ဂျင်းမြေအမာခံလမ်းဖွင့်ပွဲအခမ်းအနားကျင်းပ

ညောင်ဦး ဇန်နဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ဦးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ စည်သာကျေးရွာအဝင်လမ်း ဂျင်းမြေအမာခံလမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာအဝင်တွင် ကျင်းပသည်။

ရှေးဦးစွာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ ညောင်ဦးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးအေးလွင်၊ ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်ဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်တို့က ဂျင်းမြေအမာခံလမ်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီးနောက် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များက အဆိုပါဂျင်းမြေအမာခံလမ်းကို ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းပြသည်။ စည်သာကျေးရွာအဝင် ဂျင်းမြေအမာခံလမ်းသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု(ပြင်/ထိန်း)ရန်ပုံငွေ၊ (၀/၇)မိုင်ကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ပုံငွေ(၁၉.၅၀)သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းအကျယ်(၁၈)ပေရှိကာ ယာဉ်/ကုန် (၁၀)တန်ယာဉ်တို့ ဖြတ်သန်းသွားလာနိုင်သည့်လမ်းဖြစ်သည်။ အဆိုပါလမ်းသည် ကျေးလက်နေပြည်သူများ ကုန်စည်စီးဆင်းမှုကောင်းမွန်စေကာ၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးအတွက် ကျေးလက်နေပြည်သူများလမ်းပန်းဆက်သွယ်ရေး အထောက်အကူပြုစေမည့် လမ်းဖြစ်ကြောင်း သိရသည်။

ဒီပါလင်း