ကွန်ဟိန်း ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပညာရေးစုံညီပွဲတော်နှင့် ဆုနှင်းသဘင် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူလေးများက "ဇာတိမာန်" သီချင်းဖြင့် သီဆိုကပြဖွင့်လှစ်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်နန်းဖြူဆိုင်က အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် စစ်ဗျူဟာအခြေချ (ကွန်ဟိန်း)၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကိုနိုင် (ကိုယ်စား) ဗိုလ်မှူးအောင်ပြည့်ဟိန်းမှ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲအတွက် ကျောင်းရန်ပုံငွေအား ကျောင်းအုပ်ဆရာကြီး ဦးဟန်စည်ထံပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုနှင့် ကာယ၊ ဉာဏဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူများက တေးသီချင်းသရုပ်ဖော်များ၊ အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)