မအူပင်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မအူပင် ဇန်နဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင်  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ ၂ နာရီက မအူပင်စက်မှုဇုန်ရှိ New Talent အထည်ချုပ်စက်ရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

 ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက New Talent အထည်ချုပ်စက်ရုံမှတာဝန်ရှိသူများနှင့်ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်း၊ မီးသတ်ဆေးဗူးအသုံးပြုပုံအား ရှင်းလင်းပြသခြင်း၊ အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက မီးငြှိမ်းသတ်ရေးနည်းလမ်းများအား လက်တွေ့သရုပ်ပြသခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)