သတင်းများ

ညောင်ဦးမြို့နယ် မဲဆန္ဒရှင်ပြည်သူများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများဆောင်ရွက်
Jan 29,2024
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ညောင်ဦးမြို့နယ် မဲဆန္ဒရှင်ပြည်သူများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine -MEVM) နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က ညောင်ဦးမြို့ယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်၌ ဟင်းသီးဟင်းရွက်သီးနှံများတွင်ကျရောက်တတ်သော ပိုးမွှားရောဂါများအား ဆေးပက်ဖျန်းခြင်းကွင်းသရုပ်ပြပွဲပြုလုပ်
Jan 29,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ဟင်းသီးဟင်းရွက်သီးနှံတွင် ကျရောက်တတ်သော ပိုးမွှားရောဂါများအား ဆေးပက်ဖျန်းခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက သဲဖြူကုန်းကျေးရွာ ဟင်းသီးဟင်းရွက်စိုက်ခင်း၌ ပြုလုပ်ခဲ့သည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုသက်ကြီးဘိုးဘွားများအား ပစ္စည်းများ ထောက်ပံ့
Jan 29,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစု သက်ကြီးဘိုးဘွားမိဘများအား ကျန်းမာရေးနှင့်ညီညွတ်စေရန် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ထောက်ပံ့ခဲ့သည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန် မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်
Jan 29,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန် မြင့်မားပြီး အသိပညာ တိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်/စာစောင်များကို အခမဲ့ ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး  စာအုပ်စာစောင်များကို ယနေ့ နံနက် ၉  နာရီအချိန်က အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိ
Jan 29,2024
ပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပေးနှိုးဆော်မှုများကို ဆောင်ရွက်းပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ယမန်နေ့ညနေပိုင်းက ရပ်ကွက်များအတွင်း မီးငြှိမ်းသတ်ယာဉ်ဖြင့် လှည့်လည်၍ ဆောင်ရွက်ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင် ကွမ်းသီးအခြမ်းခွဲများ ရောင်းချရာမှ ပေါ်ဦးပေါ်ဖျား ကာလထက် စျေးကောင်းရရှိ၍ ကွမ်းသီးလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိ
Jan 29,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဥယျာဉ်ခြံ လုပ်ကိုင်သူများနှင့် တောင်ယာလုပ်ကိုင်သူများသည် နှစ်ရှည်ပင်အဖြစ် ကွမ်းသီးပင်များ အဓိက စိုက်ပျိုးလျက်ရှိရာ အောက်တိုဘာလ အစောပိုင်း ကွမ်းသီးပေါ်ဦးပေါ်ဖျားကာလတွင် စျေးနှုန်းကျဆင်းသော်လည်း ယခုအခါ ကွမ်းသီးပေါများအချိန်တွင် ကွမ်းသီးအခြမ်း‌ရောင်းချရာမှ စျေးကောင်းရရှိ၍ မိသားစု စားဝတ်နေရေးအတွက် တစ်ဖတ်တစ်လမ်းမှ အပိုဝင်ငွေ ရရှိကြောင်း ကွမ်းသီးခြံ လုပ်ကိုင်သူတစ်ဦးက ပြောသည်။
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား ယခုလအတွင်း ဘုရားဖူးပြည်သူ တစ်သိန်းကျော် လာရောက်ဖူးမြော်ကြပြီး စနေ၊ တနင်္ဂနွေပိတ်ရက်များ၌ ဘုရားဖူးများဖြင့် ပိုမိုများပြားစည်ကား
Jan 29,2024
မြန်မာနိုင်ငံတွင်သာမက ကမ္ဘာအရပ်ရပ်သို့ပင် ထင်ရှားကျော်ကြားသည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်မှ ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် နေ့စဉ်လာရောက်ဖူးမြော်နေကြပြီး ယခုလ (ဇန်ဝါရီလ) ၌ လာရောက်ဖူးမြော်မှု အများဆုံးဖြစ်ကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။
မိတ္ထီလာမြို့နယ်တွင်  (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Jan 29,2024
မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထူအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။