ညောင်ဦး ဇန်နဝါရီ ၂၈
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ စည်သာကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစောထွန်းဝင်း၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးပြည့်ဖြိုးအောင်၊ စည်သာကျေးရွာအုပ်ချုပ်ရေးမှူးဦးဝင်းရွှေတို့က ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ဆက်လက်၍ စည်သာကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းရွှေက စည်သာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးဖွင့်လှစ်ခွင့်ရသည့်အတွက် ကျေးဇူးတင်စကားပြောကြားကာ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းနှင့် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များက အမွှေးနံ့သာရည်တို့ဖြင့် ကမ္ဗည်းမော်ကွန်းအား ပက်ဖြန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စည်သာကျေးရွာအုပ်ချုပ်ရေးမှူးရုံးသစ်အား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးအစိုးရရန်ပုံငွေ(၃၉.၉)သန်းဖြင့် ဆောက်လုပ်ခဲ့ကြောင်း အဆောက်အအုံအကျယ်(၃၆၊ ၃၀၊ ၁၂)ပေအဆောက်အအုံဖြစ်ကြောင်း သိရသည်။
ဒီပါလင်း