သတင်းများ

ကျောက်ဆည်၊ စဉ့်ကိုင်မြိုနယ်များနှင့် ကူမဲ၊ ပလိပ် မြို့နယ်ခွဲများတွင် ဈေးနှုန်းချိုသာစွာဖြင့်  စားအုန်းဆီများ ရောင်းချပေး
Jan 29,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ကျောက်ဆည်ခရိုင်အတွင်း နေထိုင်ကြသောပြည်သူများ စားသုံးဆီအခက်အခဲမရှိစေရေး စားအုန်းဆီတင်သွင်းဖြန့်ဖြူး လျက်ရှိသော ကုမ္ပဏီများနှင့်ဆက်သွယ်၍ စားအုန်းဆီများဝယ်ယူရောင်းချပေးလျက်ရှိကြောင်းသိရပြီး ယနေ့နံနက်ပိုင်းက ကျောက်ဆည်၊ စဉ့်ကိုင်မြို့နယ်များနှင့် ကူမဲ၊ ပလိပ်မြို့နယ်ခွဲများတွင် ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်
Jan 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရေးအတွက် မီးဘေးဆိုင်ရာညွှန်ကြားချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အသိပေးနှိုးဆော်ခြင်းအား ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဝေဇင်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ညပိုင်းက မီးသတ်ယာဉ်များဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် လှည့်လည်အသိပညာပေးနှိုးဆော်ကြသည်။
ပြည်ကြီးတံခွန်မြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်းသို့ မိုဘိုင်းရွေ့လျားယာဉ်ဖြင့် စာအုပ်စာ‌စောင်များ ငှားရမ်းခြင်းဆောင်ရွက်
Jan 29,2024
ကျောင်းသား၊ကျောင်းသူများ စာပေဗဟုသုတရရှိစေရန်၊ မိမိတို့အားလပ်ချိန်ကို စာပေဖတ်ရှုခြင်းဖြင့် အသုံးချနိုင်စေရန်၊ စာအုပ်၊စာစောင်များကို အချိန်တိုအတွင်း လွယ်လင့်တကူ အဆင်ပြေစွာ ငှားရမ်းဖတ်ရှုနိုင်စေရန်၊ ကျောင်းသားလူငယ်မောင်မယ်များအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်စေရန်၊ စာပေဗဟုသုတနှင့်ပြည့်စုံသော နိုင်ငံ့သားကောင်းများဖြစ်လာစေရန်ရည်ရွယ်၍  ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ပြည်ကြီးတံခွန်မြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ကျောင်းသူများအား သုတ/ရသ စာအုပ်စာစောင်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး အားဖြည့်ပြင်ဆင်ရန်လိုအပ်သည့် အိမ်ခြေစာရင်းများကောက်ယူ
Jan 29,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်အတွင်း မိုးဦးကျကာလ၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး အားဖြည့်ပြင်ဆင်ရန်လိုအပ်သည့်အိမ်ခြေများအား ယမန်နေ့ကစာရင်းကောက်ယူခဲ့ကြကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ ဒုတိယအကြိမ် ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်
Jan 29,2024
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိခြင်းဖြင့် ရောဂါကင်းဝေး၍ သက်တမ်းစေ့နေထိုင်နိုင်စေရေး သက်ဆိုင်ရာပါမောက္ခ/ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ လိုအပ်သောကုသမှုများရရှိနိုင်စေရန် ရန်ကုန်/မန္တလေးမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိပါသည်။
ရေဖြူ၌ ရော်ဘာဈေး ပထမရာသီတွင် တစ်ပေါင် ၁၇၀၀ ကျပ်ဈေးအထိ ရရှိလာ
Jan 29,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ရော်ဘာဈေးပထမရာသီပြီးချိန် တစ်ပေါင်လျှင်၁၇၀၀ ကျပ်အထိ ဈေးနှုန်းရရှိနေကြောင်း သိရသည်။
အိမ်ခြံဝင်းအတွင်း ဂွေးချိုသီးပင်များ တနိုင်တပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Jan 29,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသ အပူချိန်မြင့်သောကျေးရွာများရှိ စိုက်ပျိုးရေးကို စိတ်ဝင်စားသော ဒေသခံအချို့မှာ ဂွေးချိုသီးပင်များကို အိမ်ခြံဝင်းအတွင်း စမ်းသပ်စိုက်ပျိုးလာရာမှ မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့တွင် သန့်ရှင်းသော သောက်သုံးရေပေးဝေရေး လုပ်ငန်းသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းအခမ်းအနား ကျင်းပ
Jan 29,2024
ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနနှင့် Sitt Yoon Waddy Co.,Ltd တို့ ပူးပေါင်းဆောင်ရွက်သည့် လားရှိုးမြို့၊ သန့်ရှင်းသောသောက်သုံးရေပေးဝေရေးလုပ်ငန်းစာချုပ်  သဘောတူလက်မှတ်ရေးထိုးချုပ်ဆိုခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က လားရှိုးမြို့နယ်စည်ပင်သာယာဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။