သရက် ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား၏ လူမှုစီးပွားဘဝ အဆင်ပြေစေရန်ရည်ရွယ်၍ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အဟာရမုန့် ကျွေးမွေးခြင်းနှင့် အခြေခံစားကုန်များ ဆန်၊ ဆီ၊ ကုလားပဲနှင့် ဆေးဝါးထောက်ပံ့ခြင်း အစီအစဉ်အား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်၍ သွားမည်ဖြစ်ကြောင်းပြောကြားပေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးစိုးလှမြင့်က နိုင်ငံဝန်ထမ်းပင်စင်စားများအား ထောက်ပံ့ပေးနိုင်မှု အခြေအနေနှင့် ပတ်သက်၍ ပြောကြားပေးခဲ့သည်။
ထို့နောက် ခရိုင်ဆရာဝန်ကြီး ဒေါက်တာညွန့်ရွှေအောင်က ကျန်းမာရေး အသိပညာပေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြောကြားပေးခဲ့ပြီး နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အခြေခံစာသောက်ကုန်များ ထောက်ပံ့ပေးခဲ့ပြီး နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)