မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုသက်ကြီးဘိုးဘွားများအား ပစ္စည်းများ ထောက်ပံ့

မက်မန်း ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစု သက်ကြီးဘိုးဘွားမိဘများအား ကျန်းမာရေးနှင့်ညီညွတ်စေရန် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ထောက်ပံ့ခဲ့သည်။

အဆိုပါ စားသောက်ကုန်ပစ္စည်းထောက်ပံ့ခြင်းကို ကွန်ဟောင်းကျေးရွာရှိ သက်ကြီးဘိုးဘွားမိဘများအား ကျန်မာသန်းစွမ်းစေရန်နှင့် အဟာရဖွံ့ဖြိုးစေရန်အတွက် အဟာရစားသောက်ကုန်ပစ္စည်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်နှင်းယုဝေနှင့် ဝန်ထမ်းများက အဟာရပစ္စည်းများဖြစ်သည့် ကြက်ဥများ၊ ကွေကာထုပ်များ အဟာရမုန့်ထုပ်များကိုထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)