ညောင်ဦးမြို့နယ် မဲဆန္ဒရှင်ပြည်သူများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

ညောင်ဦး  ဇန်နဝါရီ  ၂၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ညောင်ဦးမြို့နယ် မဲဆန္ဒရှင်ပြည်သူများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine -MEVM) နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က ညောင်ဦးမြို့ယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်မျိုးဆန်းက မြန်မာအီလက်ထရောနစ်မဲပေး စက်အသုံးပြု၍ စမ်းသပ်မဲပေးခြင်းနှင့် စပ်လျဉ်း၍ အားသာချက်များ၊ မဲပေးချက်ဖော်ပြသည့် စက်၊ ဆန္ဒပြုစက်၊ ထိန်းချုပ်စက် အစိတ်အပိုင်းများ၏ လုပ်ဆောင်ချက်များ၊ မဲပေး စက်အသုံးပြု၍ မဲပေးခြင်း ပုံစံများ၊ မဲရုံအတွင်းမဲပေးစက်နေရာချထားခြင်းများ၊ မဲပေးစက် မှမဲရလဒ်များထုတ်ယူရာတွင် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ မဲပေးစက်၏ လုံခြုံစိတ်ချရမှုများအား PowerPoint ဖြင့် ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာသူများနှင့် မဲဆန္ဒရှင်ပြည်သူများက မဲရုံအဖွဲ့ဝင် တာဝန်ယူကိုင်တွယ်ဆောင်ရွက်ရသည့် ထိန်းချုပ်စက်အား ကိုင်တွယ်ဆောင်ရွက်ခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် ထိန်းချုပ်စက်မှ မဲရလဒ်စာရင်းများ ဖော်ပြသည့် စက္ကူဖြတ်ပိုင်း နှင့် မဲပေးချက်ဖော်ပြသည့် စက်တွင်ပါဝင်သော မဲပုံးအတွင်းမှ ဆန္ဒမဲဖြတ်ပိုင်းများ အရေအတွက် တူညီမှုရှိကြောင်းနှင့် မှန်ကန်မှုရှိကြောင်း တိုက်ဆိုင်စစ်ဆေးခြင်း စသည့်လုပ်ငန်းစဉ်များကို ပါဝင်ဆောင်ရွက်ကြသည်။ မဲဆန္ဒရှင်ပြည်သူများအား ရှင်းလင်းဆွေးနွေးခြင်းနှင့် စမ်းသပ်မဲပေး ခြင်းများလက်တွေ့ဆောင်ရွက်ခဲ့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဒီပါလင်း