သတင်းများ

ချောင်းငယ်-အခြေခံပညာကျောင်းမှ ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Jan 29,2024
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တနင်္သာရီမြို့နယ်ဦးစီးမှူး ရုံးမှဦးစီးမှူးနှင့် ဝန်ထမ်းများက သဘာဝဘေး အန္တရာယ်ဆိုင်ရာ အကြောင်းအရာများကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က တနင်္သာရီမြို့၊ ချောင်းငယ်-အခြေခံပညာမူလတန်းကျောင်းခန်းမအတွင်း ကျောင်းသား/သူများအား အသိပညာပေး ဟောပြောပွဲပြုလုပ်ရာ အခမ်းအနားသို့ ကျောင်းအုပ်ဆရာကြီး ဦးအေးသန်းနှင့် ဆရာမများ၊ GRADE-4 နှင့် GRADE-5 မှ ကျောင်းသား/သူများ(၁၀၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
ဟုမ္မလင်းမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကာကွယ်ဆေးထိုးလုပ်ငန်း ကျွမ်းကျင်မှု (IIP) သင်တန်းနှင့် လုပ်ငန်းလျာထားစီမံချက် (MT)သင်တန်းဖွင့်ပွဲ ကျင်းပ
Jan 29,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ၊ ကာကွယ် ဆေးထိုးလုပ်ငန်းကျွမ်းကျင်မှု ( IIP) သင်တန်းနှင့် လုပ်ငန်းလျာထားစီမံချက် (MT) သင်တန်းကို ဇန်နဝါရီလ (၂၉) ၊ နံနက်ပိုင်း (၉)နာရီခွဲ အချိန်တွင်ဟုမ္မလင်းမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ အ.မ.က (ကလာဒေး) ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Jan 29,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အ.မ.က (ကလာဒေး)ကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၅ ရက်နေ့၊ နံနက်ပိုင်းက အဆိုပါကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
စလင်းမြို့ မှရိုးကုန်း​ကျေးရွာအုပ်စု(အင်းတဲ)အ.မ.ကကျောင်းနှင့် (ရုံးပင်ချောင်)အ.ထ.ကကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
Jan 29,2024
မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  စလင်းမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၈)နာရီ၄၅အချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မှရိုးကုန်းကျေးရွာအုပ်စု (အင်းတဲ)အ.မ.ကကျောင်းနှင့် (ရုံးပင်ချောင်)အ.ထ.ကအခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရှိရသည်။
လူငယ်များ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေး  စာဖတ်ဝိုင်းကျင်းပ
Jan 29,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် လူငယ်များအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဝါသနာပါသူ အချင်းချင်း ရင်းနှီးစေရန်၊ စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ (Youth Club)အဖွဲ့ဝင်များဖြင့် စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားထားသော “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် အသိပညာပေး စစ်ဆေး ဆောင်ရွက်
Jan 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် အသိပညာပေး စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့အဆင့် စာစီစာကုံးနှင့် ပန်းချီ ပြိုင်ပွဲ ကျင်းပ
Jan 29,2024
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့အဆင့် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန် ကျင်းပခဲ့ရာ  အထက်တန်း၊အလယ်တန်းနှင့်မူလတန်း ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ရွှေတောင်မြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေး ကျင်းပ
Jan 29,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက မြို့နယ်အဆင့်ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေးကျင်းပခဲ့သည်။