တံတားဦးမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လိုက်လံစစ်ဆေးနှိုးဆော်
Jan 29,2024
တံတားဦးခရိုင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ယမန်နေ့ညနေ(၃)နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ပြည်သူများ၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံအတွင်းရှိ ကုန်ထုတ်အရင်းအနှီးများ မီးဘေးအန္တရာယ်မှ လုံခြုံမှုရှိစေပြီး မီးလောင်ကျွမ်းမှုအကြိမ်နှင့် ဆုံးရှုံးမှုတန်ဖိုးများလျော့နည်းကျဆင်းစေရန်အတွက် မီးသတိမူရေး အသိပေးဆောဩခြင်းလုပ်ငန်းများနှင့် တစ်အိမ်တက် တစ်အိမ်ဆင်း မီးဘေးလုံခြုံရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။