ကျောက်ဆည်၊ စဉ့်ကိုင်မြိုနယ်များနှင့် ကူမဲ၊ ပလိပ် မြို့နယ်ခွဲများတွင် ဈေးနှုန်းချိုသာစွာဖြင့်  စားအုန်းဆီများ ရောင်းချပေး

ကျောက်ဆည် ဇန်ဝါရီ  ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ကျောက်ဆည်ခရိုင်အတွင်း နေထိုင်ကြသောပြည်သူများ စားသုံးဆီအခက်အခဲမရှိစေရေး စားအုန်းဆီတင်သွင်းဖြန့်ဖြူး လျက်ရှိသော ကုမ္ပဏီများနှင့်ဆက်သွယ်၍ စားအုန်းဆီများဝယ်ယူရောင်းချပေးလျက်ရှိကြောင်းသိရပြီး ယနေ့နံနက်ပိုင်းက ကျောက်ဆည်၊ စဉ့်ကိုင်မြို့နယ်များနှင့် ကူမဲ၊ ပလိပ်မြို့နယ်ခွဲများတွင် ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ  GD Good Goden Trading Co,Ltd ကမ္ပဏီမှ စားအုန်ဆီ တစ်ပိဿာ ငွေ(၅၂၅၀)ကျပ်ဖြင့် ဝယ်ယူ၍ ကျောက်ဆည်မြို့နယ်၌ နေလသုခ၊ ဂျူးဂျူး၊ မီဇာန်၊ ဝင်းရတနာ၊ နဒီဧရာ ဆီအရောင်းဆိုင်များမှ တောတွင်၊ သပြေကုန်း၊ ရေတွင်းပြည့်၊ အနောက်ရွာနန်း၊ ရွာလေး၊ အနောက်မြင်စိုင်း၊ ပတ္တာ၊ ဇရပ်ဖြူ ကျေးရွာများသို့လည်းကောင်း၊ စဉ့်ကိုင်မြို့နယ်၌ ဒေါ်လာဆီအရောင်းဆိုင်မှလည်းကောင်း၊ ကူမဲမြို့နယ်ခွဲ၌ လှ၊ ဖိုးကံကောင်း၊ ရှယ်လီဌေး၊ ရတနာဌေး၊ အောင်စိုးမိုး၊ ငွေကလပ် ဆီအရောင်းဆိုင်များမှလည်းကောင်း၊ ပုလိပ်မြို့နယ်ခွဲ၌ ကျော်ကျော်မင်း ဆီအရောင်းဆိုင်များမှလည်းကောင်း အသီးသီးရောင်းချပေးခဲ့ပြီး ရောင်းချရာတွင် စားအုန်းဆီတစ်ပိဿာ ငွေ(၅၆၉၂) ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)