လားရှိုး ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနနှင့် Sitt Yoon Waddy Co.,Ltd တို့ ပူးပေါင်းဆောင်ရွက်သည့် လားရှိုးမြို့၊ သန့်ရှင်းသောသောက်သုံးရေပေးဝေရေးလုပ်ငန်းစာချုပ် သဘောတူလက်မှတ်ရေးထိုးချုပ်ဆိုခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က လားရှိုးမြို့နယ်စည်ပင်သာယာဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ၊ Sitt Yoon Waddy Co.,Ltd မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူးက သဘောတူစာချုပ်ပါ အချက်အလက်အကျဉ်းချုပ်ကို ရှင်းလင်းပြောကြားပြီး စည်ပင်သာယာရေးဌာနနှင့် Sitt Yoon Waddy Co.,Ltd တို့မှ တာဝန်ရှိသူတို့က နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)