ပန်းတောင်း ဇန်နဝါရီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်အတွင်း မိုးဦးကျကာလ၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး အားဖြည့်ပြင်ဆင်ရန်လိုအပ်သည့်အိမ်ခြေများအား ယမန်နေ့ကစာရင်းကောက်ယူခဲ့ကြကြောင်း သိရသည်။
ထိုသို့စာရင်းကောက်ယူရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေခိုင်ဆက်နှင့်ဝန်ထမ်းများက ပန်းတောင်းမြို့နယ်အတွင်းရှိ လေပြင်းဘေးဒဏ်သင့်နိုင်ခြေရှိသော အိမ်ခြေ (၅၀၀) အား လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက်ဖြင့် အမိုး၊ အကာများ အားဖြည့်ပြင်ဆင်ခြင်းဆောင်ရွက်ရန်အတွက် တုံကင်းကျေးရွာအုပ်စု၊ ထောက်ကြန့်ကုန်းကျေးရွာအုပ်စုနှင့် တလုပ္ပင်ကျေးရွာအုပ်စုတို့မှ အားဖြည့်ပြင်ဆင်ရန်လိုအပ်သည့် အိမ်ခြေစာရင်းများအား တစ်အိမ်ချင်းစီအလိုက် စာရင်းကောက်ယူခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)