အထက်မင်းလှ ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဓမ္မိကတောရစာသင်တိုက်နှင့် သီလရှင်စာသင်တိုက်တို့တွင် အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက်(၁၁)နာရီက လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ ကဓမ္မိကတောရစာသင်တိုက်ရှိ သံဃာ အပါး (၅၀)အား တစ်ပါးလျှင် သွားတိုက်ဆေး (၁)ဗူး၊ သွားတိုက်တံ (၁)ခု၊ ဆပ်ပြာ(၁)ခဲ၊ ဘောပင် (၃)ချောင်း၊ ဗလာစာအုပ် (၃)အုပ်နှင့် ဓမ္မိကစာသင်တိုက်အတွက် အလှူငွေကျပ် (၁)သိန်းအား ကျောင်းထိုင်ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ပြီး အောင်မြေသာယာသီလရှင်စာသင်တိုက်မှ သီလရှင်များအား ဥပ္ပါတသန္တိကျမ်းမြတ်စာအုပ် (၁၀)အုပ်၊ ဆပ်ပြာ (၁၀)ခဲ၊ အလှူငွေ (၃၅၀၀ဝိ/)ကျပ်တို့အား လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
ထို့နောက် ရုံးရပ်ကွက်တောင်ပိုင်းရပ်ကွက်မှ အမြင်အာရုံချို့ယွင်းနေသူနှင့် ခန္ဓာကိုယ်အောက်ပိုင်းချို့ယွင်း၍ လမ်းမလျှောက်နိုင်သူ အမျိုးသမီး (၂)ဦးတို့အား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက တစ်ဦးလျှင် အလှူငွေကျပ် (၃၅၀၀ဝိ/-) ကြက်ဥ (၁၀)လုံး၊ ဖီးကြမ်းငှက်ပျောတစ်ဖီး၊ ကယ်လ်ဆမ်ကွေကာတစ်ပါကင်ထုပ် (၁)ထုပ်စီတို့အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)