သတင်းများ

စုကလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Jan 29,2024
စာအုပ် စာပေများဖတ်ရှုလေ့လာပြီး အသင်းအဖွဲ့အစည်းများဖြင့်  ပြန်လည်ဆွေးနွေးတတ်စေရန်ရည်ရွယ်၍  ဝါသနာတူ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) မှ ဦးဆောင်၍  စာဖတ်ဝိုင်းအား ယနေ့နံနက်ပိုင်းအချိန်က စုကလိမြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနCommunity Centre ခန်းမတွင် စာရေးဆရာ နန္ဒာမွှန်း ရေးသားသည့် သတင်းစာထဲက ဆောင်းပါးများ ဆောင်းပါးထဲက သတင်းများ  စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ရွှေပြည်သာမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသူ၊ ကျောင်းသားများအား ကျောင်းအခြေပြုမေးခိုင်‌ရောဂါကာကွယ်ဆေးထိုးနှံပေး
Jan 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာခရိုင်၊ ရွှေပြည်သာမြို့နယ်၊ စာသင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ထိခိုက်ရှနာဖြစ်ပွားရာမှ မေးခိုင်ရောဂါကာကွယ်နိုင်ရန်၊ ကျောင်းအခြေပြုဆုံဆို့-မေးခိုင် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းများကို ယနေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့မစည်ပင်သာယာဈေးရှိ ဈေးရောင်း ဈေးဝယ်ပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး
Jan 29,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအန္တရာယ် လျော့နည်းစေရေးအတွက် ဈေးရောင်း ဈေးဝယ်ပြည်သူများအား ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး ဈေးရောင်း ဈေးဝယ်ပြည်သူများကို ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လောင်းလုံးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့်ပြိုင်ပွဲများကျင်းပ
Jan 29,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ်အကြိုအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် မီးပေါ့ဆမှုကြောင့် နေအိမ် (၃)လုံးမီးလောင်မှုဖြစ်ပွား
Jan 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ မဟာဗန္ဓုလ (၅) လမ်း တွင် ဇန်နဝါရီလ ၂၈ ရက် ညနေ (၆) နာရီ (၅)မိနစ်ခန့်က ဦးထွန်းအောင်လင်း၏ နေအိမ်အလျား (၂၀) ပေ ၊ အနံ (၅၀)ပေ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း နှစ်ထပ်နေအိမ်တွင် ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ရာမှ ဘုရားစင်မှစတင်လောင်ကျွမ်းခဲ့ပြီး ယင်းမီးလောင်မှုမှတစ်ဆင့် ခြေရင်းဘက်ရှိ ဦးဘရှိန်နှင့် ခေါင်းရင်းဘက်ရှိ ဒေါ်စန်းမြင့် ပိုင်ဆိုင်သော (လူမနေ) နေအိမ် အလျား (၂၀)ပေ၊ အနံ (၅၀)ပေ၊ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း နှစ်ထပ်နေအိမ် (၂)လုံးကို မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်းသိရသည်။
ဒလမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်
Jan 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မီးဘေးအန္တရာယ်လျော့နည်းစေရန်နှင့် ပြည်သူများ၏ အသက်အိုးအိမ်များပျက်စီးဆုံးရှုံးမှုမရှိစေရေး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသံချဲ့စက်များဖြင့် အသိပညာပေးခြင်းများကို ယမန်နေ့ညနေ(၆)အချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ကားဖြင့်ရပ်ကွက်များသို့ လိုက်လံအသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြသည်။
ရွှေဘိုမြို့၌ (၇၇)နှစ်​မြောက် ပြည်​ထောင်စု​နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကျင်းပ
Jan 29,2024
စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် (၇၇)နှစ်မြောက်ပြည်​ထောင်စု​နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အဆင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၂) အ​​ခြေခံပညာအထက်တန်းကျောင်း​ရွှေရတုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရ သည်။
ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ၌ စာကြည့်တိုက်လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပဉ္စမအကြိမ် စာကြည့်တိုက်လုပ်ငန်းစဉ်ပြိုင်ပွဲ ကျင်းပ
Jan 29,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာတွင် ကျေးရွာစာကြည့်တိုက်လုပ်ငန်းကော်မတီမှ စာကြည့်တိုက်လုပ်ငန်းများ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြီးမှူးကျင်းပသည့် ပဉ္စမအကြိမ်မြောက် စာကြည့်တိုက်လုပ်ငန်းစဉ်ပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါကျေးရွာရှိ မေတ္တာရင်ခွင်စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။