လေရှီးမြို့နယ်တွင် EM ဘိုကာရှီမြေဆွေး ပြုလုပ်နည်းကွင်းသရုပ်ပြပွဲဆောင်ရွက်
Jan 30,2024
စစ်ကိုင်တိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် ရေဒေါင်ကျေးရွာနေ မြေကွက်ပိုင်ရှင် ဦးမိရေဆင်းစိုက်ခင်း၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ တောင်သူများ EM ဘိုကာရှီမြေဆွေပြုလုပ်ခြင်း ကွင်းသရုပ်ပြပွဲအား ဆောင်ရွက်ခဲ့ရာ မြို့နယ်စိုက်ပျိုးရေးတာဝန်ခံ ဦးထွန်းဝေက ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။