ကျိုက်မရော ဇန်နဝါရီ ၃၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက ရန်မျိုးအောင်ရပ်ကွက်ရှိ PUMA စက်သုံးဆီဆိုင်နှင့် ရေတွင်းကုန်းကျေးရွာရှိ EVER TOP စက်သုံးဆီဆိုင်များ၌ လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာ၌ ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်သောင်းဦး ဦးဆောင်၍ တပ်ဖွဲ့ဝင် ၅ ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပူးပေါင်းအဖွဲ့များက စက်သုံးဆီဆိုင်များ၌ မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြသဆောင်ရွက်ပေးပြီး မီးဘေးလုံခြုံရေးအတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းများကို ပညာပေးဆွေးနွေးကာ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်းများကို ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခဲ့ကြောင်း သိရသည်။
မိချို (ပြန်/ဆက်)