သတင်းများ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ဆေးဝါးတက္ကသိုလ်-မန္တလေး၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်
Jan 30,2024
ဆေးဝါးတက္ကသိုလ်-မန္တလေး၏ ၂၀၂၃-၂၀၂၄ ပညာသင် ပထမနှစ် (၁၁/၂၀၂၃) သင်တန်းမှ ကျောင်းသား/သူများ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမရပူရမြို့နယ်ရှိ အဆိုပါတက္ကသိုလ်တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်တို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ကျောင်းသား/ကျောင်းသူများက ကမ္ဘာတည်သရွေ့ သီချင်းဖြင့် ကြိုဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
တာမွေမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 30,2024
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း မီးဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယနေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ တာမွေမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကသာမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီများဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ
Jan 30,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ကသာခရိုင် ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက်(၈) နာရီခွဲ အချိန်က မြို့တော်ခန်းမ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပေါင်းတည်၌ကျောင်းအခြေပြု KG ကျောင်းသား/ သူများအား ဆုံဆို့ - မေးခိုင် ကာကွယ်ဆေးထိုးနှံခြင်း လှုပ်ရှားဆောင်ရွက်
Jan 30,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက (KG) တန်းတွင် တက်ရောက်နေသော ကျောင်းသား/ သူများကို ကျောင်းအခြေပြု ဆုံဆို့ - မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို ယနေ့နံနက် ၉ နာရီချိန်က မြို့ပေါ်အခြေခံပညာကျောင်းများတွင် စတင်လှုပ်ရှားဆောင်ရွက်ကြကြောင်း သိရသည်။
သထုံမြို့နယ်တွင် အထူးကုဆရာဝန်ကြီးများနှင့်အဖွဲ့ နယ်လှည့်ကွင်းဆင်းဆေး ကုသမှုများ ဆောင်ရွက်
Jan 30,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ပြည်နယ်ကုသရေး ဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းကာ ပြည်သူများ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ်လျော့နည်းကျဆင်းစေရေး၊ အထူးကုသမှုများလိုအပ်သော ပြည်သူများအနေဖြင့် သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံ၍ ကုသမှုများ ရရှိနိုင်စေရေးရည်ရွယ်ကာ ယနေ့နံနက်က သုဝဏ္ဏဝတီမြို့ရှိ သိမ်ဆိပ်တိုက်နယ်ဆေးရုံ၌ နယ်လှည့်ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်ခဲ့သည်။
လက်ပံတန်း၌ ဆုံစို့၊ ကြက်ညှာ ကာကွယ်ဆေးအပိုဆောင်းထိုးနှံ
Jan 30,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကလေးငယ်များ ဆုံစို့၊ ကြက်ညှာကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက အ.ထ.က (၁) တွင် ဆောင်ရွက်ခဲ့သည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော် တပေါင်းကွင်းတွင် ကျင်းပပြုလုပ်မည့်  MSME ကုန်ထုတ်လုပ်ငန်းများမှ ထုတ်ကုန်ပစ္စည်းများနှင့် ဒေသထွက်အစားအစာများ ခင်းကျင်းပြသနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 30,2024
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော် တပေါင်းကွင်းတွင် ကျင်းပပြုလုပ်မည့် MSME ကုန်ထုတ်လုပ်ငန်းများမှ ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသသည့်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၏ MSME ကုန်ထုတ်လုပ်ငန်းများမှ ထုတ်ကုန်ပစ္စည်းများနှင့် ဒေသထွက်အစားအစာများ ခင်းကျင်းပြသနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး (၂)ထပ်ဆောင် အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ  တက်ရောက်ကြသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပြည်နယ်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုချီးမြှင့်နိုင်ရေး ဆုစိစစ်ရွေးချယ်လျက်ရှိ
Jan 30,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရေးအတွက် လုပ်ငန်းများဖော်ဆောင်ရေးဆိုင်ရာ စီမံချက်ရေးဆွဲဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပြည်နယ်အဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းဆုရွေးချယ်နိုင်ရေး ဆုရွေးချယ်ရေး လုပ်ငန်းကော်မတီက ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ စိစစ်ရွေးချယ်ဆောင်ရွက်ခဲ့ကြသည်။