သတင်းများ

ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Jan 30,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
ကျိုက်လတ်မြို့နယ်တွင် ကျောင်းအခြေပြု (KG) ကျောင်းသား/သူများအား ဆုံဆို့နာ - မေးခိုင်ကာကွယ်ဆေး ထိုးနှံခြင်းအစီအစဥ် ဆောင်ရွက်
Jan 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက (KG) တန်းတွင် တက်ရောက်နေသော ကျောင်းသား/သူများကို ကျောင်းအခြေပြု ဆုံဆို့နာနှင့် မေးခိုင် ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို ယနေ့ နံနက်(၉)နာရီက အခြေခံပညာ အထက်တန်းကျောင်းများတွင် စတင်ဆောင်ရွက်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်၌ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Jan 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်က အမှတ် (၄) ရပ်ကွက်၊ သုတလမ်းအတွင်းရှိ ပြည်သူများအား မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ KG ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့နာနှင့် မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ရပ်ကွက်အတွင်းအသက် ၆၅ နှစ်ကျော် အဘိုးအဘွားများ၊ ၁၈ နှစ်အထက် နာတာရှည်ရောဂါရှိသူများ Pfizer ထိုးနှံပေး
Jan 30,2024
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုတိုးချဲ့ကာကွယ်ဆေးလုပ်ငန်းဌာနခွဲသည် ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများဖြစ်ပွားသေဆုံးမှုနှုန်း လျော့နည်းစေရေးအတွက် ကျောင်းသား ကျောင်းသူများအား ဆုံဆို့နာနှင့် မေးခိုင်ကာကွယ်ဆေး DT (Diphtheria Tetanus) များ ထိုးနှံခြင်းကို ဇန်နဝါရီစတုတ္ထပတ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အတွင်းရှိကျောင်းအခြေပြု အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများတွင် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက ရပ်ကွက်၊ ကျေးရွာ မီးဘေးလုံခြုံရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး
Jan 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီ ရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာ ဆုံးရှုံးမှုမရှိစေရေးအတွက် ရပ်ကွက်၊ ကျေးရွာများရှိ နေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က တော်ကျိုက်ကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် အောင်သပြေအခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော် တက်ရောက်ချီးမြှင့်ပေး
Jan 30,2024
၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ(၃၀)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့နယ်၊ အောင်သပြေအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့်ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်
Jan 30,2024
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ဇန်နဝါရီ (၄) ရက်နေ့တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဘွဲ့ခံပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များကို တစ်ဦးချင်းချီးမြှင့်အပ်နှင်းခဲ့သည်။
ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ မြစ်ကြီးနားမြို့၌ သားအိမ်ခေါင်း ကင်ဆာရောဂါနှင့် မျိုးဆက်ပွားကျန်းမာရေးအကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jan 30,2024
ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ကြီးမှူး၍ ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြစ်ကြီးနားမြို့ရှိ နိုင်ငံ့ဝန်ထမ်း အမျိုးသမီးများအား သားအိမ်ခေါင်း ကင်ဆာရောဂါနှင့် မျိုးဆက်ပွားကျန်းမာရေးအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ပြည်နယ်အစိုးရအဖွဲ့ ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။